စိတ်ပျက် ညှိုးငယ်လျက်လာပါ။
Come with your heartache.
[ Verse 1. ]
စိတ်ပျက်ညှိုးငယ်လျက် ဝမ်းနည်းနေသလား။
ယေရှုရှင်ထံ ချည်းကပ်ပါ၊ ယေရှုရှင်သင့်ကို
ချမ်းသာ ပေးမူမည်၊ ကိုယ်တော်သည် ကရုဏာတော်ရှိ။
[ Chorus ]
စိတ်ပျက် ညှိုးငယ်လျက် ဝမ်းနည်းသောသူကို၊
ငြိမ်သက်ခြင်း ချမ်းသာပေးဖို့၊ ကရုဏာတော်ရှင်
ယေရှုသခင်သည်၊ ယခုပင် စောင့်ဆိုင်းလျက်ရှိ။
[ Verse 2. ]
စိတ်ပျက်ညှိုးငယ်လျက် ဝမ်းနည်းနေသောခါ၊
ယေရှုရှင်ထံ ဆုတောင်းပါ၊
ဝမ်းနည်းကြေကွဲ၍ ရှိုက်သံနှင့်မျက်ရည်၊
ကိုယ်တော်ရှင် မြင်တော်မူပေ။
[ Chorus ]
စိတ်ပျက် ညှိုးငယ်လျက် ဝမ်းနည်းသောသူကို၊
ငြိမ်သက်ခြင်း ချမ်းသာပေးဖို့၊ ကရုဏာတော်ရှင်
ယေရှုသခင်သည်၊ ယခုပင် စောင့်ဆိုင်းလျက်ရှိ။
[ Verse 3. ]
ဤလောကတွင် ရှိသမျှသောအရာ၊
နှစ်သိမ့်ခြင်းကို မပေးနိုင်ပါ၊
ကရုဏာတော်ရှင် ယေရှုသခင်သာ၊
နှစ်သိမ့်ခြင်းကို ပေးနိုင်ရာ။
[ Chorus ]
စိတ်ပျက် ညှိုးငယ်လျက် ဝမ်းနည်းသောသူကို၊
ငြိမ်သက်ခြင်း ချမ်းသာပေးဖို့၊ ကရုဏာတော်ရှင်
ယေရှုသခင်သည်၊ ယခုပင် စောင့်ဆိုင်းလျက်ရှိ။
78