ယေရှုကျွန်ုပ်ကို ချစ်တော်မူ၏။
Jesus Loves Even Me.
[ Verse 1. ]
ကောင်းကင်ဘုံ၌ အကျွန်ုပ်တို့-အဘ၊ ပေးတော်မူ
သော ဗျာဒိတ်ကျမ်း ချက်တော်များ၊ နှစ်မြို့ဖွယ်ကောင်းအ
မြတ်ဆုံးကို ဆိုမည်၊ ယေရှု-ကျွန်ုပ်ကို သနားတော်မူ၏။
[ Chorus ]
ယေရှု-ကျွန်ုပ်ကို ချစ်တော်မူ၏။
(အားရပေသည်)၂-ခါ၊ ယေရှု-ကျွန်ုပ်ကို
ချစ်တော်မူ၏။ ကျွန်ုပ်ကိုပင် ချစ်သည်။
[ Verse 2. ]
ကိုယ်တော်ကိုမေ့၍၊ လမ်းလွဲတတ်သော်လည်း၊ ယေရှု
ကျွန်ုပ်ကိုပင်၊ အောက်မေ့သေး၏၊ မေတ္တာတော်မြတ်
ကိုအမှတ်ရပြန်လျှင်၊ ချစ်ဖွယ်ယေရှုထံတော်ပါးသို့ပြေးဝင်။
[ Chorus ]
ယေရှု-ကျွန်ုပ်ကို ချစ်တော်မူ၏။
(အားရပေသည်)၂-ခါ၊ ယေရှု-ကျွန်ုပ်ကို
ချစ်တော်မူ၏။ ကျွန်ုပ်ကိုပင် ချစ်သည်။
[ Verse 3. ]
တင့်တင်ဘုရင်၏ ရွှေမျက်နှာဖူးမြင်၊ ကျေးဇူးတော်
မြတ်ကို၊ ချီးမွမ်းခွင့်ရလျှင်၊ ယေရှု-ကျွန်ုပ်ကို၊ သနား
တော်မူပြီ။ ထောမနာပြုလျက်၊ အစဥ်လျှင်နေမည်။
[ Chorus ]
ယေရှု-ကျွန်ုပ်ကို ချစ်တော်မူ၏။
(အားရပေသည်)၂-ခါ၊ ယေရှု-ကျွန်ုပ်ကို
ချစ်တော်မူ၏။ ကျွန်ုပ်ကိုပင် ချစ်သည်။
[ Verse 4. ]
ကျွန်ုပ်၏ ဝိညာဥ်ကို၊ ရွေးနှုတ်ခြင်းငှာ၊ ယေရှုဤလော
ကသို့၊ ဆင်းသက်ကြွလာ၊ လက်ဝါးကပ်တိုင်မှာ၊ အ
သက်တော်စွန့်သည်၊ ချစ်တော်မူကြောင်းကို၊ ဧကန်သိပါ၏။
[ Chorus ]
ယေရှု-ကျွန်ုပ်ကို ချစ်တော်မူ၏။
(အားရပေသည်)၂-ခါ၊ ယေရှု-ကျွန်ုပ်ကို
ချစ်တော်မူ၏။ ကျွန်ုပ်ကိုပင် ချစ်သည်။
[ Verse 5. ]
ယေရှုသည်ချစ်၍ ၊ သနားတတ်သလော၊ ဘယ့်နှယ်သင်
သိနိုင်သနည်းဟု မေးသော်၊ ဝိညာဥ်တော်သက်သေ
အတွင်းသက်သေများ၊ မြဲမြံညီညွတ်၍အတတ်ဆိုနိုင်ရာ။
[ Chorus ]
ယေရှု-ကျွန်ုပ်ကို ချစ်တော်မူ၏။
(အားရပေသည်)၂-ခါ၊ ယေရှု-ကျွန်ုပ်ကို
ချစ်တော်မူ၏။ ကျွန်ုပ်ကိုပင် ချစ်သည်။
152
