ဝေးလှသော တောင်ကုန်းပေါ်။
The Old Rugged Cross.
[ Verse 1. ]
ဝေးလှသော တောင်ကုန်းပေါ်၊ ထူထားသောတိုင်
တော်သည်။ ရှက်ကြောက်ဖွယ် ဒုက္ခခံရာ တိုင်
တည်း။ ပြစ်လောကကိုကယ်ရန် သေခံရာ တိုင်
တော်ကို ကျွန်ုပ်သည် ထူးပင် ချစ်ခင်မြတ်နိုး။
[ Chorus ]
တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်။
လမ်းဆုံးမှာ အောင်ပန်းကို ချထားမည်။
ကျွန်ုပ်သည် မှီတွယ်သော တိုင်တော်နှင့်၊
သရဖူကို တစ်နေ့ဖြင့်-လဲချင်။
[ Verse 2. ]
လောကလုံး ရွံရှာသော လက်ဝါးကပ်တိုင်တော်၏၊
ဆွဲနိုင်သော တန်ခိုးသည် အံ့ဖွယ်တည်း။ ထက်
ကောင်းကင် ဘုန်းတော်ပင်၊ သိုးသူငယ် စွန့်ပြီး
ကာ၊ သစ်တိုင်မှာ သေခံရန် ကြွဆင်းလာ။
[ Chorus ]
တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်။
လမ်းဆုံးမှာ အောင်ပန်းကို ချထားမည်။
ကျွန်ုပ်သည် မှီတွယ်သော တိုင်တော်နှင့်၊
သရဖူကို တစ်နေ့ဖြင့်-လဲချင်။
[ Verse 3. ]
သွေးတော်နှင့် စွန်းကွက်သော လက်ဝါးကပ်တိုင်
တော်သည်၊ အံ့သြဖွယ် တင့်တယ် လှပပေ၏။
ကျွန်ုပ်ကို ပြစ်လွှတ်လျက်၊ သန့်ရှင်းစင်ကြယ်စေရန်၊
ယေရှုရှင် ထိုတိုင်ပေါ်မှာ သေခံ။
[ Chorus ]
တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်။
လမ်းဆုံးမှာ အောင်ပန်းကို ချထားမည်။
ကျွန်ုပ်သည် မှီတွယ်သော တိုင်တော်နှင့်၊
သရဖူကို တစ်နေ့ဖြင့်-လဲချင်။
[ Verse 4. ]
တိုင်တော်ကို ကျွန်ုပ်သည် စဥ်သစ္စာရှိပါမည်၊ကဲ့ရဲ့
ခြင်း၊ ပြစ်တင်ခြင်းခံလိုသည်။ ကောင်းကင်ဘုံစံဖို့
ရာ၊ ကိုယ်တော်ရှင် ခေါ်သောခါ၊ ကိုယ်တော်နှင့်
အတူ၊ ဘုန်းတော်ဝင်စား။
[ Chorus ]
တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်။
လမ်းဆုံးမှာ အောင်ပန်းကို ချထားမည်။
ကျွန်ုပ်သည် မှီတွယ်သော တိုင်တော်နှင့်၊
သရဖူကို တစ်နေ့ဖြင့်-လဲချင်။
46
