ရှင်းလင်းစွာ သိရလိမ့်မည်။
We'll understand it better.
[ Verse 1. ]
သက်တာမုန်တိုင်း ဒုက္ခလှိုင်း၊ ပုတ်ခတ်မှုကို ခံရသည်။
ကောင်းကင်ပြင်တွင် မှောင်မိူက်လွှမ်း၍ ၊ နေရောင်ခြည်လဲ၊
ပျောက်ကွယ်၏။ ပြီး ပြည့်စုံသော နေ့ရက်မှာ၊ မြူခိုး မုန်
တိုင်းစဲသောခါ၊ ကျွန်ုပ်တို့-ရှင်းလင်းစွာ သိကြပါလိမ့်မည်။
[ Chorus ]
နံနက်ယံ၊ အရုဏ်တက်သောခါ၊ သန့်ရှင်းသူများတို့
စုရုံးလာ၊ အောင်မြင်ခြင်းကြောင်းကို ဖွင့်ဟ၍ပြော
မည်။ ကျွန်ုပ်တို့-ရှင်းလင်းစွာ သိကြပါလိမ့်မည်။
[ Verse 2. ]
သက်တာလမ်းတွင် လျှောက်စဥ်ခါ ချိုငဲ့မှုများတွေ့ရသည်၊
ခြောက်သွေ့လှသော ဤမြေပေါ်တွင်၊ သောက မုန်တိုင်း
တွေ့သော်လည်းနှုတ်ကပတ်တော်မြတ်အတိုင်း၊ ဘုရားရှင်
ကိုယုံကြည်သော်၊ ကျွန်ုပ်တို့-ရှင်းလင်းစွာသိကြပါလိမ့်မည်။
[ Chorus ]
နံနက်ယံ၊ အရုဏ်တက်သောခါ၊ သန့်ရှင်းသူများတို့
စုရုံးလာ၊ အောင်မြင်ခြင်းကြောင်းကို ဖွင့်ဟ၍ပြော
မည်။ ကျွန်ုပ်တို့-ရှင်းလင်းစွာ သိကြပါလိမ့်မည်။
[ Verse 3. ]
ရှေ့နောက်ဝဲယာပတ်ဝန်းကျင်၊ မှောက်မိုက်ဖုံးလွှမ်းနေသော
ခါ၊ မျက်စိလည်လျက်၊ လမ်းမှားလျက်နှင့်၊ သွားရာလမ်းစ
ပျောက်ဆုံးရာ၊ ဘုရားရှင်သည် လက်တော်နှင့်၊ ဆွဲကိုင်ပြီး
ခါလမ်းပြမည်၊ ကျွန်ုပ်တို့-ရှင်းလင်းစွာ သိကြပါလိမ့်မည်။
[ Chorus ]
နံနက်ယံ၊ အရုဏ်တက်သောခါ၊ သန့်ရှင်းသူများတို့
စုရုံးလာ၊ အောင်မြင်ခြင်းကြောင်းကို ဖွင့်ဟ၍ပြော
မည်။ ကျွန်ုပ်တို့-ရှင်းလင်းစွာ သိကြပါလိမ့်မည်။
[ Verse 4. ]
စုံစမ်းခြင်းနှင့် ကျော့ကွင်းများ ၊ မကြာခဏ တွေ့ရသော်၊
ကျွန်ုပ်တို့၏ စိတ်နှလုံးများ၊ အားနဲကြေကွဲ ဖြစ်ရသည်၊
သက်တာ ခရီးကုန်ဆုံး၍ ၊ ပြီးပြည့်စုံသော နေ့ရက်မှာ၊
ကျွန်ုပ်တို့- ရှင်းလင်းစွာ သိကြပါလိမ့်မည်။
[ Chorus ]
နံနက်ယံ၊ အရုဏ်တက်သောခါ၊ သန့်ရှင်းသူများတို့
စုရုံးလာ၊ အောင်မြင်ခြင်းကြောင်းကို ဖွင့်ဟ၍ပြော
မည်။ ကျွန်ုပ်တို့-ရှင်းလင်းစွာ သိကြပါလိမ့်မည်။
52