ရပ်တန့် ခေါ်ကျူး။
Hold the Fort.
[ Verse 1. ]
ယေရှုတပ်သား၊ သင်းဝင်းသူများ၊
နားစွန့်-ကြကုန်စေ။ ယေရှု-နှိုးသံ ချိုလှဝန်ခံ။
စိတ်နှလုံး သွင်းလေ။
[ Chorus ]
ရပ်တန့် ကုန်လော့၊ စစ်ချီသွားသော်၊
အောင်ခွင့် ငါပေးမည်။
စစ်သူရဲဘော်-တိုးစေကုန်လော့၊
ငါ-သင်တို့-ဘက်ရှိ။
[ Verse 2. ]
လောက-ပျော်ရာ၊ ဒုစရိုက်များ၊
လျင်စွာ ပယ်ပါဦး။ စစ်တန်ဆာများ၊
သံခမောက်ဓါး၊ စရှိများကိုယူ။
[ Chorus ]
ရပ်တန့် ကုန်လော့၊ စစ်ချီသွားသော်၊
အောင်ခွင့် ငါပေးမည်။
စစ်သူရဲဘော်-တိုးစေကုန်လော့၊
ငါ-သင်တို့-ဘက်ရှိ။
[ Verse 3. ]
အားမကုန်ဘဲ၊ စိတ်-မပျက်လွယ်၊
စဥ်မပြတ် တိုက်လေ။ ငါတို့-ဘက်တွင်
ယေရှုပါစဥ်၊ ဘယ်သို့-ပူအံ့ချေ။
[ Chorus ]
ရပ်တန့် ကုန်လော့၊ စစ်ချီသွားသော်၊
အောင်ခွင့် ငါပေးမည်။
စစ်သူရဲဘော်-တိုးစေကုန်လော့၊
ငါ-သင်တို့-ဘက်ရှိ။
[ Verse 4. ]
ကြာ-မမြင့်မီ၊ ကျေးဇူးရှင်ကြီး၊
သာဓု-ခေါ်မူခါ၊ အောင်ဆု၊ အောင်ပန်၊
ထူးမြတ်ယူရန်၊ ယေရှု-ပေးဖွယ်ရာ။
[ Chorus ]
ရပ်တန့် ကုန်လော့၊ စစ်ချီသွားသော်၊
အောင်ခွင့် ငါပေးမည်။
စစ်သူရဲဘော်-တိုးစေကုန်လော့၊
ငါ-သင်တို့-ဘက်ရှိ။
97
