လုံးလုံး ယုံကြည်။
Fully Trusting.
[ Verse 1. ]
ယုံမှားခြင်းများ ကိုယ်တော်မြတ်အား၊ ကတိတော်
ကြောင့် အပ်၍ထား။ နောက်တဖန်၊ ရှုပ်ထွေးခြင်း
ကင်းမည်။ ကတိတော် ယုံသောကြောင့်တည်း။
[ Chorus ]
(နှုတ်ကပတ်တော်၊ စုံလင်လှစွာ၊
ကျွန်ုပ် ယုံကြည်လျက် ရှိပါ)၂-ခါ။
[ Verse 2. ]
ယေရှုပေါ်မှာ တင်ထားပြစ်များ၊ သွေးတော်မြတ်
ဖြင့်၊ ဆေးကြောပြီ။ သန့်ရှင်းစေမည်၊ အကျွန်ုပ်
အား၊ အိမ်တော်မြတ်သို့ ပို့ဆောင်မည်။
[ Chorus ]
(နှုတ်ကပတ်တော်၊ စုံလင်လှစွာ၊
ကျွန်ုပ် ယုံကြည်လျက် ရှိပါ)၂-ခါ။
[ Verse 3. ]
ကြောက်ရွံခြင်း၊ ယေရှုအားပေးထား၊ ရင်ခွင်တော်
မှာ ငြိမ်းရာရ၊ ကျွန်ုပ်လမ်းသည် မှောင်မိုက်သော်
လည်း၊ အလင်းတော်၊ စဥ်-ထွန်းသတည်း။
[ Chorus ]
(နှုတ်ကပတ်တော်၊ စုံလင်လှစွာ၊
ကျွန်ုပ် ယုံကြည်လျက် ရှိပါ)၂-ခါ။
[ Verse 4. ]
ဝမ်းမြောက်ခြင်း ယေရှု-အားပေးထား၊ ထံတော်
မှာ ချမ်းသာတွေ့ရာ၊ ကိုယ်တော်ရှင် လောကကို
ပိုင်၏။ လိုသမျှ ကိုယ်တော်၌ ရှိ။
[ Chorus ]
(နှုတ်ကပတ်တော်၊ စုံလင်လှစွာ၊
ကျွန်ုပ် ယုံကြည်လျက် ရှိပါ)၂-ခါ။
[ Verse 5. ]
ဖြစ်သမျှ ကိုယ်ကာယ၊ ဝိညာဥ်၊ ရှိသမျှ၊ မျှော်လင့်ရာ
များ၊ သက်ထာဝရ ကာလအစဥ်၊ ယေရှုအား
ကျွန်ုပ်ပေးထား။
[ Chorus ]
(နှုတ်ကပတ်တော်၊ စုံလင်လှစွာ၊
ကျွန်ုပ် ယုံကြည်လျက် ရှိပါ)၂-ခါ။
120
