ကောင်းချီး ရေတွက်။
Count Your Blessings.
[ Verse 1. ]
မြေကြီးပေါ်မှာ ဒုက္ခဆင်းရဲရောက်သောခါ၊ မျှော်
လင်းခြင်းကင်း စိတ်ပျက်ခြင်းကို ခံရလျှင်၊ ခံစားရာ
ကောင်းချီးမင်္ဂလာ ရေတွက်ပါ၊ ပြုတော်မူသော
ကျေးဇူးတော်အံ့သြလိမ့်မည်။
[ Chorus ]
ကောင်းချီးတစ်ခု နောက်တစ်ခုရေတွက်၊
ပြုတော်မူသော ကျေးဇူးတော်ရေတွက်၊
ကောင်းချီးရေတွက်၊ တစ်ခုနောက်တစ်ခု၊
ပြုတော်မူသော ကျေးဇူးတော် အံ့သြလိမ့်မည်။
[ Verse 2. ]
ကြောင့်ကြဝန်ထုပ်ကို သင်သည်ထမ်းရသလား။ သင်
ထမ်းရသော လက်ဝါးကပ်တိုင်လေးသလား။ ခံစားရ
ကောင်းချီးမင်္ဂလာ ရေတွက်ပါ။ ယုံမှားခြင်းကင်း၊
သီချင်းကို သင်ဆိုလိမ့်မည်။
[ Chorus ]
ကောင်းချီးတစ်ခု နောက်တစ်ခုရေတွက်၊
ပြုတော်မူသော ကျေးဇူးတော်ရေတွက်၊
ကောင်းချီးရေတွက်၊ တစ်ခုနောက်တစ်ခု၊
ပြုတော်မူသော ကျေးဇူးတော် အံ့သြလိမ့်မည်။
[ Verse 3. ]
ကောင်းစားသောသူများကို သင်သည်မြင်သောအခါ
ကိုယ်တော်ထားသော ကတိတော်ကိုအောက်မေ့ပါ၊
ခံစားရ ကောင်းချီးမင်္ဂလာ ရေတွက်ပါ။ စည်းစိမ်ဖြင့်
ကောင်းကင်ချမ်းသာ မဝယ်နိုင်ပါ။
[ Chorus ]
ကောင်းချီးတစ်ခု နောက်တစ်ခုရေတွက်၊
ပြုတော်မူသော ကျေးဇူးတော်ရေတွက်၊
ကောင်းချီးရေတွက်၊ တစ်ခုနောက်တစ်ခု၊
ပြုတော်မူသော ကျေးဇူးတော် အံ့သြလိမ့်မည်။
[ Verse 4. ]
ဆင်းရဲဒုက္ခ မျိုးမျိုးကို ခံရသောခါ၊ စိတ်မပျက်ရာ၊
ကိုယ်တော်ကိုသာ အားကိုးပါ။ ခံစားရ၊ ကောင်းချီး
မင်္ဂလာ ရေတွက်ပါ၊ လမ်းဆုံးတိုင်အောင်၊ သင့်ကို
စောင့်မ ပို့ဆောင်မည်။
[ Chorus ]
ကောင်းချီးတစ်ခု နောက်တစ်ခုရေတွက်၊
ပြုတော်မူသော ကျေးဇူးတော်ရေတွက်၊
ကောင်းချီးရေတွက်၊ တစ်ခုနောက်တစ်ခု၊
ပြုတော်မူသော ကျေးဇူးတော် အံ့သြလိမ့်မည်။
136
