ပန်းတုံးတိုင်သို့။
Tune: Light in the darkness.
[ Verse 1. ]
ခန့်ထားတော်မူသည့်အတိုင်း ကျွန်ုပ်တို့သည်။ လုပ်ဆောင်
လျက်ကြံစည်လျက်ပင် ရှိနေရမည်။ မိမိ၏ တာဝန်ရှိသမျှကို
ပြီးစီးအောင်၊ အကျိုးမဲ့ နေ့ရက်မကုန်ပဲ ကြိုးစားရွက်ဆောင်။
[ Chorus ]
ပန်းတုံးတိုင်သို့ ၊ သင်သည် ပန်းတုံးတိုင်သို့၊ လှည့်ပြန်
မကြည့်ဘဲလျက်နှင့် ရှေ့-ရှုပြေးလေ။ သင်၏သခင်
သည် သင့်-ဖို့၊ ဦးရစ်နှင့် စောင့်နေ၊ အမြန်-ခံယူရ
အောင် ပြေးနေ၊ ပန်းတုံးတိုင်သို့။
[ Verse 2. ]
သခင်အမှုတော်မြတ်ကို ထမ်းဆောင်စဥ်တွင်၊ နှောင့်ယှက်
ကဲ့ရဲ့ခြင်းများကို ဂရုမစိုက်၊ အလျှင်းပေါ့လျှော့ပျက်ကွက်ခြင်း
များ မရှိဘဲနှင့်၊ သခင်ခြေရာတော် နောက်လျှောက်လိုက်
အစဥ်တစိုက်။
[ Chorus ]
ပန်းတုံးတိုင်သို့ ၊ သင်သည် ပန်းတုံးတိုင်သို့၊ လှည့်ပြန်
မကြည့်ဘဲလျက်နှင့် ရှေ့-ရှုပြေးလေ။ သင်၏သခင်
သည် သင့်-ဖို့၊ ဦးရစ်နှင့် စောင့်နေ၊ အမြန်-ခံယူရ
အောင် ပြေးနေ၊ ပန်းတုံးတိုင်သို့။
[ Verse 3. ]
ကိုယ်လျှောက်သွားရာ လမ်းမှန်ကား သခင်ယေရှု၊ ပြတော်
မူခဲ့သော ပုံသက်သေကိုစေ့စေ့၊ လိုက်လျှောက်ရမည်ကို နေ့
စဥ်မမေ့ပဲမှတ်ယူ၊ သခင်နည်းတူဖြစ်ရန်၊ ဒုက္ခများကိုခံလေ။
[ Chorus ]
ပန်းတုံးတိုင်သို့ ၊ သင်သည် ပန်းတုံးတိုင်သို့၊ လှည့်ပြန်
မကြည့်ဘဲလျက်နှင့် ရှေ့-ရှုပြေးလေ။ သင်၏သခင်
သည် သင့်-ဖို့၊ ဦးရစ်နှင့် စောင့်နေ၊ အမြန်-ခံယူရ
အောင် ပြေးနေ၊ ပန်းတုံးတိုင်သို့။
[ Verse 4. ]
လမ်းလျှောက်စဥ်တွင် သင်သည် ယုံမှား-စရာကို တွေ့မြင်
ကြုံရသောခါမှာ ကျမ်းစာသဘော၊ မည်ကဲ့သို့ရှိသည် ခွဲခြား
ရှင်းလင်းမြင်စေဖို့၊ လျင်မြန်စွာပင် ဖွင့်လှစ်၊ ဖတ်ရွတ်တိုက်
ဆိုင်ကြည့်လော့။
[ Chorus ]
ပန်းတုံးတိုင်သို့ ၊ သင်သည် ပန်းတုံးတိုင်သို့၊ လှည့်ပြန်
မကြည့်ဘဲလျက်နှင့် ရှေ့-ရှုပြေးလေ။ သင်၏သခင်
သည် သင့်-ဖို့၊ ဦးရစ်နှင့် စောင့်နေ၊ အမြန်-ခံယူရ
အောင် ပြေးနေ၊ ပန်းတုံးတိုင်သို့။
[ Verse 5. ]
လျက်နှင့် အစဥ်နေလေ။
သင့်ကို ခမည်းဘုရားနှင့် သားတော်မြတ်သည်၊ လက်တော်
တို့တွင် ဆွဲကိုင်လျက် စောင့်ထိန်းရှိပေ၊ သာဓု၊ ငါ့ငယ်သား
ကောင်းဟု ချီးမွမ်းတော်မူမည်။ မူတော်မြတ်ကို ဆောင်ရွက်

188