ကိုယ်တော်၌သာ ကွယ်ကာနေပါ။
Hiding In Thee.
[ Verse 1. ]
ကျွန်ုပ်-ထပ်မြင့်သောကျောက်တော်တွင် လုံခြုံစွာ၊
ဝမ်းနည်း-ဒုက္ခတွင်၊ ကျွန်ုပ်ဝိညာဥ်ပြေးချင်။
မောပန်း-ပြစ်များလှ၊ ကိုယ်တော်ဖို့ ဖြစ်စေပါ၊
ကျွန်ုပ်-ခိုလှုံလျက် နေမြဲတည် ကျောက်တော်တွင်။
[ Chorus ]
ကိုယ်တော်၌သာ ကွယ်ကာနေပါ၊
မြဲတည်ကျောက်တော်တွင်၊
ကျွန်ုပ် ကွယ်ကာခိုလှုံ။
[ Verse 2. ]
နေ့ချိန်-ဆိတ်ညံ၍၊ ညချိန် ဝမ်းနည်းသောခါ၊
စုံစမ်း-သွေးဆောင်ခြင်း၊ တန်ခိုးအားကြီးလှလျှင်။
သက်ရှင်-ခြင်း မုန်တိုင်း၊ ပင်လယ်လှိုင်း ထသောခါ၊
ကျွန်ုပ်-ခိုလှုံလျက်၊ နေမြဲတည် ကျောက်တော်တွင်။
[ Chorus ]
ကိုယ်တော်၌သာ ကွယ်ကာနေပါ၊
မြဲတည်ကျောက်တော်တွင်၊
ကျွန်ုပ် ကွယ်ကာခိုလှုံ။
[ Verse 3. ]
ရန်သူ-နှင့် ဆိုင်ပြိုင်တိုက်လှန် စဥ်ခါများစွာ၊
ကွယ်ကာ-ရာ ကျောက်သို့၊ ကျွန်ုပ် ပြေးသွားပြောဆို။
ပင်လယ်-လှိုင်းလိမ့်လို စုံစမ်းခြင်း ရောက်သောခါ၊
ကျွန်ုပ်-ဝိညာဥ်ကျောက်တော် ကိုယ်တော်၌ မှီခို။
[ Chorus ]
ကိုယ်တော်၌သာ ကွယ်ကာနေပါ၊
မြဲတည်ကျောက်တော်တွင်၊
ကျွန်ုပ် ကွယ်ကာခိုလှုံ။
15
