နှုတ်ကပတ်တော် ယုံကြည်သူများ။
Ye bellevers in the Word of God.
[ Verse 1. ]
နှုတ်ကပတ်တော် ယုံကြည်သူများ၊ အားတိုးတက်ကြ
လေ။ဗိန္ဓုတစ်လုံး မပျက်စီးရ၊ ပြည့်စုံမည်-မှန်ပေ။
[ Chorus ]
ငါရှိရာရပ်-သင်တို့ရှိရန်၊ နေရာပြင်
ဆင်ပြီ။ တစ်ဖန်၊ ငါ-သည် လာ၍
လျင်မြန်၊ သင်တို့ သိမ်းဆည်းမည်။
[ Verse 2. ]
ကျမ်းစာတော်ရှိ ဗျာဒိတ်တော်ကား၊ လူကြံစည်မရေး၊
ဝိညာဥ်တော်က ပဲ့ပြင်ချင်သာ၊ စီရင်ထားရှိလေ။
[ Chorus ]
ငါရှိရာရပ်-သင်တို့ရှိရန်၊ နေရာပြင်
ဆင်ပြီ။ တစ်ဖန်၊ ငါ-သည် လာ၍
လျင်မြန်၊ သင်တို့ သိမ်းဆည်းမည်။
[ Verse 3. ]
ထို့ကြောင့်၊ မှန်သော တပည့်တော်မှာ စိတ်ကမနှောင့်
မနှေး။ ကျမ်းချက်အားလုံး ပါရှိသမျှ၊ ယုံကြည်ခြင်းရှိပေ။
[ Chorus ]
ငါရှိရာရပ်-သင်တို့ရှိရန်၊ နေရာပြင်
ဆင်ပြီ။ တစ်ဖန်၊ ငါ-သည် လာ၍
လျင်မြန်၊ သင်တို့ သိမ်းဆည်းမည်။
[ Verse 4. ]
ကျမ်းစာကိုသာ ညီအစ်ကိုများ ယုံကြည်ကြပါစေ။ ဆန့်
ကျင်သောစာ၊ အားလုံးပယ်ကြ၊ ကျမ်းထွက်သာ မှန်လေ။
[ Chorus ]
ငါရှိရာရပ်-သင်တို့ရှိရန်၊ နေရာပြင်
ဆင်ပြီ။ တစ်ဖန်၊ ငါ-သည် လာ၍
လျင်မြန်၊ သင်တို့ သိမ်းဆည်းမည်။
[ Verse 5. ]
နှုတ်ကပတ်တော် စောင့်ရှောက်သူကား၊ မင်္ဂလာရှိပေ၊
ကိုယ်တော်ချီးမွမ်း၊ ခံချင်သူများ၊ စောင့်ရှောက်ကြပါစေ။
[ Chorus ]
ငါရှိရာရပ်-သင်တို့ရှိရန်၊ နေရာပြင်
ဆင်ပြီ။ တစ်ဖန်၊ ငါ-သည် လာ၍
လျင်မြန်၊ သင်တို့ သိမ်းဆည်းမည်။
195
