ကတိတော်၌ တည်နေခြင်း။
Standing on the Promises.
[ Verse 1. ]
ကိုယ်တော်၏ ကတိတော်များ၌ တည်နေသည်။
အနန္တ ကာလ ပတ်လုံး ချီးမွမ်းပါမည်။ဟောရှဏ္ဏ
ဖြစ်စေသတည်း၊ ကြွေးကြော်လေ၏။
ကတိတော်မြတ်၌ တည်နေပါသည်။
[ Chorus ]
တည်လျက်-နေသည်။ ကယ်တင်ရှင်၊
သခင်၏ ကတိမြတ်၌တည်သည်။
တည်လျက်-နေသည်။
ဘုရားသခင်၏ ကတိ၌တည်၏။
[ Verse 2. ]
မပျက်နိုင်သော ကတိတော်များ၌တည်သည်။
ယုံမှားခြင်း၊ ကြောက်ရွံ့ခြင်း မုန်းတိုင်းကျသော်
လည်း၊ အသက်ရှင်သော နှုတ်ကပတ်ဖြင့်၊ အောင်
မြင်မည်။ ကတိတော်မြတ်၌ တည်နေပါ၏။
[ Chorus ]
တည်လျက်-နေသည်။ ကယ်တင်ရှင်၊
သခင်၏ ကတိမြတ်၌တည်သည်။
တည်လျက်-နေသည်။
ဘုရားသခင်၏ ကတိ၌တည်၏။
[ Verse 3. ]
ကတိတော်မြတ်၌ တည်လျက် အကျွန်ုပ်သည်။
အသွေးတော်ဖြင့်၊ သန့်ရှင်းခြင်းသို့ ရောက်လေပြီ။
ကျွန်ုပ်ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်။
ကတိတော် မြတ်အားဖြင့် တည်ပါသည်။
[ Chorus ]
တည်လျက်-နေသည်။ ကယ်တင်ရှင်၊
သခင်၏ ကတိမြတ်၌တည်သည်။
တည်လျက်-နေသည်။
ဘုရားသခင်၏ ကတိ၌တည်၏။
[ Verse 4. ]
သခင်ဘုရားကတိ၌ ကျွန်ုပ်တည်သည်။ မေတ္တာကြိုး
ဖြင့်၊ မြဲမြံ-ချည်နှောင်တော်မူ၏။ ဝိညာဥ်တော်၏
ဓားဖြင့်၊ မာရ်နတ်ရှုံးစေမည်။ ကတိတော်မြတ်၌
တည်နေပါသည်။
[ Chorus ]
တည်လျက်-နေသည်။ ကယ်တင်ရှင်၊
သခင်၏ ကတိမြတ်၌တည်သည်။
တည်လျက်-နေသည်။
ဘုရားသခင်၏ ကတိ၌တည်၏။
118
