သမားတော်ကြီး။
The Great Physician.
[ Verse 1. ]
သမားတော်ကြီး သင့်နားနီးသည်၊ ကြင်နာသော
ယေရှုရှင်ပေ။ ညှိုးနွမ်းစိတ်ကို ဝမ်းမြောက်စေ၏။
ယေရှု-ခေါ်သံ နားထောင်လေ။
[ Chorus ]
ကောင်းကင်သား၊ ချီးမွမ်းမြွတ်ဆို။ နာမတော်
မြတ်ကို ဧကျူး။ ဆိုရာ-သီချင်း-လွန်သာချို၊
မင်္ဂလာရှိ-ယေရှု။
[ Verse 2. ]
သင်၏ပြစ်များ ဖြေလွှတ်ဆေးကြော၊ ခေါ်သံ
တော်မြတ်ကို နားထောင်၊ ကောင်းကင်လမ်း
ငြိမ်သက်စွာသွားလော့၊ ယေရှုနှင့်သရဖူဆောင်း။
[ Chorus ]
ကောင်းကင်သား၊ ချီးမွမ်းမြွတ်ဆို။ နာမတော်
မြတ်ကို ဧကျူး။ ဆိုရာ-သီချင်း-လွန်သာချို၊
မင်္ဂလာရှိ-ယေရှု။
[ Verse 3. ]
ထမြောက်သိုးငယ်၊ ဘုန်းကြီးစေသော၊ ယေရှုကို
ကျွန်ုပ်ယုံကြည်၊ ကယ်ချွတ်ပိုင်ရှင်၏ နာမတော်၊
ကျွန်ုပ် အလွန်မြတ်နိုး၏။
[ Chorus ]
ကောင်းကင်သား၊ ချီးမွမ်းမြွတ်ဆို။ နာမတော်
မြတ်ကို ဧကျူး။ ဆိုရာ-သီချင်း-လွန်သာချို၊
မင်္ဂလာရှိ-ယေရှု။
[ Verse 4. ]
ယေရှုရှင်ကို ဖူးမြင်အံ့ငှာ၊ ထက်ကောင်း
ကင်သို့ တက်သောခါ၊ မေတ္တာမလ္လင်တော်
နားဝိုင်းလာ၊ ချီးမြှောက်ဆိုမည် မြတ်နာမ။
[ Chorus ]
ကောင်းကင်သား၊ ချီးမွမ်းမြွတ်ဆို။ နာမတော်
မြတ်ကို ဧကျူး။ ဆိုရာ-သီချင်း-လွန်သာချို၊
မင်္ဂလာရှိ-ယေရှု။
33