နေဝင်ရာတောင်ကို ကျော်၍။
[ Verse 1. ]
နေဝင်ရာတောင်ကို ကျော်၍ ၊ တစ်နေ့ ကျွန်ုပ်
ရောက်မည်။ ယေရှုရှင်၊ ရင်ခွင်တော်သို့၊
ကျွန်ုပ်-အမှန်၊ ရောက်မည်။
[ Chorus ]
နေဝင်ရာ-တောင်ကို ကျော်၍
ကောင်းကင် နေအိမ်-မျှော်ကြည့်၊-
နေဝင်ရာ-တောင်ကို ကျော်၍၊
ယေရှုရှင်နှင့် တွေ့ရမည်။
[ Verse 2. ]
ဆင်းရဲ ဒုက္ခများ ငြိမ်းသော်၊ အမှိူက်မှောင်များ
ပျောက်လွင့်၊ ဝမ်းနည်းခြင်းများ ကင်းဝေးသော်၊
အို-ဝမ်းမြောက်ဖွယ်-ရာနေ့။
[ Chorus ]
နေဝင်ရာ-တောင်ကို ကျော်၍
ကောင်းကင် နေအိမ်-မျှော်ကြည့်၊-
နေဝင်ရာ-တောင်ကို ကျော်၍၊
ယေရှုရှင်နှင့် တွေ့ရမည်။
[ Verse 3. ]
ထိုကောင်းကင် အိမ်ရှေ့တော်သည်၊ ကျွန်ုပ်တွက်
ပြင်ဆင်ထား။ သွားနှင့်သူ ချစ်သူများနှင့်
ထိုမှာ ဆုံဆည်း-ကြမည်။
[ Chorus ]
နေဝင်ရာ-တောင်ကို ကျော်၍
ကောင်းကင် နေအိမ်-မျှော်ကြည့်၊-
နေဝင်ရာ-တောင်ကို ကျော်၍၊
ယေရှုရှင်နှင့် တွေ့ရမည်။
[ Verse 4. ]
ထိုရွှေမြို့တော် ဝင်စားလျှင်၊ အို၊ နာ၊ သေခြင်း
မရှိ၊ ဘုန်းတန်ခိုးတော် ရောင်ခြည်ဖြင့် ၊ ထာဝရ
စိုးစံမည်။
[ Chorus ]
နေဝင်ရာ-တောင်ကို ကျော်၍
ကောင်းကင် နေအိမ်-မျှော်ကြည့်၊-
နေဝင်ရာ-တောင်ကို ကျော်၍၊
ယေရှုရှင်နှင့် တွေ့ရမည်။
204
