ကားတိုင်ပေါ်မှာ မေတ္တာတော်။
Love held Him to the cros.
[ Verse 1. ]
ကျွန်ုပ်၏ ပြစ်များလွှတ်ရန်၊ ကားတိုင်ပေါ် ယေရှုသေ
ခံ။ ကျွန်ုပ် ပြစ်များ ဆေးကြောဖြူစင်ရာ၊ အသွေး
များ ယိုစီးလျက်ကျ။ မေတ္တာတော် လွန်ကြီးမြတ်လှ၊
ကျွန်ုပ်ကိုယ်စား ယေရှု သေခံရှာ။
[ Chorus ]
ခြေတော်နှင့် လက်တော် တို့မှာ၊ သံချက်ရာ
ကြောင့် မဟုတ်ပါ။ ကျွန်ုပ်ကို ချစ်တော်မူ
သော မေတ္တာ၊ ကျွန်ုပ်၏ ပြစ်များလွှတ်ရန်၊
ကားတိုင်ပေါ် ယေရှုသေခံ၊ ကျွန်ုပ်ကိုယ်စား
ယေရှု သေခံရှာ။
[ Verse 2. ]
ဒုစရိုက်ပြစ်များတို့တွင်၊ အကျွန်ုပ် နစ်မွန်းနေစဥ်။
ကယ်မည့်သူ တစ်ဦးမျှမရှိပါ၊ ယေရှုရှင်ကိုယ်တော်
သာလျှင်၊ ကျွန်ုပ်ကို ရွေးနှုတ်ကယ်တင်၊
ယခု ကျွန်ုပ် ဝမ်းမြောက် ပျော်ရွှင်လာ။
[ Chorus ]
ခြေတော်နှင့် လက်တော် တို့မှာ၊ သံချက်ရာ
ကြောင့် မဟုတ်ပါ။ ကျွန်ုပ်ကို ချစ်တော်မူ
သော မေတ္တာ၊ ကျွန်ုပ်၏ ပြစ်များလွှတ်ရန်၊
ကားတိုင်ပေါ် ယေရှုသေခံ၊ ကျွန်ုပ်ကိုယ်စား
ယေရှု သေခံရှာ။
[ Verse 3. ]
ဒုစရိုက်ပြစ်များတို့နှင့်၊ အကျွန်ုပ် ယခုကင်းစင်၊
ဝိညာဥ်တော်နှင့် ပြည့်ဝလျက်ရှိနေရာ၊ ကိုယ်တော်၏
ဂုဏ်ကျေးဇူးများ။ နေ့စဥ်ပင် ချီးမွမ်းလျက်သာ၊
ကောင်းကင် အိမ်တော်နှင့် သာ၍နီးလာ။
[ Chorus ]
ခြေတော်နှင့် လက်တော် တို့မှာ၊ သံချက်ရာ
ကြောင့် မဟုတ်ပါ။ ကျွန်ုပ်ကို ချစ်တော်မူ
သော မေတ္တာ၊ ကျွန်ုပ်၏ ပြစ်များလွှတ်ရန်၊
ကားတိုင်ပေါ် ယေရှုသေခံ၊ ကျွန်ုပ်ကိုယ်စား
ယေရှု သေခံရှာ။
43
