ကျွန်ုပ်ဝိညာဥ်ကို လုံခြုံစေပြီ။
He Hideth My Soul.
[ Verse 1. ]
အံ့သြ-ဖွယ်၊ ကယ်တင်ရှင်မှာ ယေရှုသခင်၊
ကိုယ်-တော်သည် အံ့ဖွယ်ကယ်တင်ရှင်။
ကျွန်ုပ် အသက်ကို မေတ္တာတော်။
ကျောက်ထဲမှာ၊ လုံခြုံစွာ ဝှက်ထားတော်မူရှာ။
[ Chorus ]
ကျွန်ုပ်-အသက်ကို မေတ္တာတော်ကျောက်ထဲ
မှာ၊ လုံခြုံစွာ ဝှက်ထားတော်မူရှာ။
ကျွန်ုပ်-ဝိညာဥ်ကို မေတ္တာဖြင့်၊ လွှမ်းခြုံခါ၊
(လက်ဝါးတော်မြတ်ဖြင့်၊ ကာကွယ်ထား)၂၊
[ Verse 2. ]
အံ့သြ-ဖွယ် ကယ်တင်ရှင်မှာ ယေရှုသခင်၊
ပြစ်-ဝန်ထုပ်များ ကိုယ်တော်ဖယ်ရှား။
ကျွန်ုပ်၏ လက်ကိုကိုင်ဆွဲတော်မူအစဥ်၊
ဝိညာဥ် ခွန်အား ဖြည့်ဆည်းသနား။
[ Chorus ]
ကျွန်ုပ်-အသက်ကို မေတ္တာတော်ကျောက်ထဲ
မှာ၊ လုံခြုံစွာ ဝှက်ထားတော်မူရှာ။
ကျွန်ုပ်-ဝိညာဥ်ကို မေတ္တာဖြင့်၊ လွှမ်းခြုံခါ၊
(လက်ဝါးတော်မြတ်ဖြင့်၊ ကာကွယ်ထား)၂၊
[ Verse 3. ]
ကောင်းချီး-မင်္ဂလာများ ချပေးသွန်းလောင်း၍၊
ကိုယ်-တော်ရှင်နှင့်သာ၍တူစေ။ကိုယ်တော်
ရှင်မြတ်၏ ဂုဏ်တော်အမြဲချီးမွမ်း၊
ကိုယ်တော်၏ ကျေးဇူးတော် ချီးမွမ်း။
[ Chorus ]
ကျွန်ုပ်-အသက်ကို မေတ္တာတော်ကျောက်ထဲ
မှာ၊ လုံခြုံစွာ ဝှက်ထားတော်မူရှာ။
ကျွန်ုပ်-ဝိညာဥ်ကို မေတ္တာဖြင့်၊ လွှမ်းခြုံခါ၊
(လက်ဝါးတော်မြတ်ဖြင့်၊ ကာကွယ်ထား)၂၊
[ Verse 4. ]
ကိုယ်တော်-ရှင်မိုးတိမ်စီးလျက် ကြွလာသော
အခါ၊ဖြူဝတ်လုံကို ကျွန်ုပ်ဝတ်လျက်၊ကိုယ်
တော်ရှင်မြတ်ထံ၊ ဘုန်းတော်-ဝင်စားဖို့ရာ၊
ကိုယ်တော်-ရှင်၊ ထံတော်သို့ပျံတက်။
[ Chorus ]
ကျွန်ုပ်-အသက်ကို မေတ္တာတော်ကျောက်ထဲ
မှာ၊ လုံခြုံစွာ ဝှက်ထားတော်မူရှာ။
ကျွန်ုပ်-ဝိညာဥ်ကို မေတ္တာဖြင့်၊ လွှမ်းခြုံခါ၊
(လက်ဝါးတော်မြတ်ဖြင့်၊ ကာကွယ်ထား)၂၊
14
