မင်္ဂလာ ဆုကျူး။
Come, Thou Fount of Every Blessing.
[ Verse 1. ]
မင်္ဂလာဆု ပေါင်းဖြစ်ပွားရာ၊ ယေရှုရှင် မတော်မူပါ။
နေ့ရက်တိုင်း ခံရာဆုကျေးဇူး၊ နေ့ရက်တိုင်း ချီးမွမ်း
လိုမှု၊ ကောင်းကင်ဘုံသား၊ ကျူးသောလင်္ကာ၊ တုပြိုင်
လျက်၊ ချီးမွမ်း လိုပါ။ မေတ္တာ တော်တိုင်း ထက်လွန်
ကြီးပေ၊ မေတ္တာပင် ပြန်ပို့လိုလေ။
[ Verse 2. ]
ခု တိုင်အောင် မစတော်မူလို၊ ဧဗနေဇာ ထူထောင်
လို။ မစတော်မူ၊ ကျေးဇူးကြောင့်ပေ။ ရွှေပြည်တော်
ငါ စောင့်စားလေ။ လမ်း လွဲလျက်၊ ဘေး ရောက်လု
သောခါ၊ ယေရှုရှင်ပါ့ကိုလိုက်ရှာ၊ ငါ့သက်ကို ကယ်
တော်မူလိုငှာ၊ သက်တော်မြတ် စွန့်လေတကား။
[ Verse 3. ]
ကျေးဇူးတော်သည် ထူးမြတ်လွန်လေ၊ ကျေးဇူးတော်
အောက်မေ့လိုပေ။ ကျေးဇူးရှင်၊ ထိုကျေးဇူးအားဖြင့်၊
ကျွန်ုပ်စိတ်ကို နှေင်စေချင်။ မှား မိလွန်းလို့၊ စိတ်
ပျက်လုပါ၊ ချစ်ဖွယ်ရှင်ကယ်မသနား၊ ကျွန်ုပ်စိတ်ကို
ယူတော်မူလျှင်၊ ကောင်းကင်ဘုံက ပြင်ပါအရှင်။
1
