ကျွန်ုပ်သည် မိတ်ဆွေတွေ့ပြီ။
I've Found a Friend.
[ Verse 1. ]
ကျွန်ုပ်တွေ့ပြီ ၊ မိတ်ဆွေတွေ့ပြီ၊ မသိမီချစ်တော်မူ၏။
မေတ္တာတော်ကြိုးနှင့် သွေးဆောင်သည်။ ထိုကြိုးဖြင့်၊
ချဥ်နှောင်ဆောင်၏။ ကျွန်ုပ်နှလုံးကို ပတ်စည်း၊
ဘယ်သူမျှမဖြင့်နိုင်ပြီ။ ကိုယ်တော် အကျွန်ုပ်အား
ပိုင်သေ၊ အစဥ်မပြတ် ထာဝရ။
[ Verse 2. ]
ကျွန်ုပ်တွေ့ပြီ၊ မိတ်ဆွေတွေ့ပြီ၊ ကယ်ရန်သေခံ သွေး
သွန်း၏။ အသက်ရေကို ပေးသည့်အပြင်၊ ကိုယ်
တော်တိုင်ကို ပေးမူလျှင်။ ကျွန်ုပ်ပိုင်ရာ ဘာမျှမရှိ၊
ကိုယ်တော်နှင့်သာ ဆိုင်သတည်း။ နှလုံးခွန်အား
အသက်ဥစ္စာ၊ ကိုယ်တော်စဥ်လျှင် ပိုင်မူပါ။
[ Verse 3. ]
ကျွန်ုပ်တွေ့ပြီ၊ မိတ်ဆွေတွေ့ပြီ၊ ဘုန်းတန်ခိုး လုံးစုံရှိ
သည်။ ကောင်းကင်လမ်းကို လျှောက်သွားစဥ်ခါ၊ အိမ်
တော်သို့ ပို့မည်အမှန်၊ ထာဝရ ဘုန်းတော်ရပ်ဝေးမှ၊
အားပေးလျက်ထွန်းတောက်နေပါ၊ ယခုစောင့်လျက်
လုပ်ဆောင်တိုက်နေ၊ နောက်နောင်ငြိမ်သက်စံရချေ။
[ Verse 4. ]
ကျွန်ုပ်တွေ့ပြီ၊ မိတ်ဆွေတွေ့ပြီ၊ ကြင်နာ၊ ချစ်ခင်သိမ်မွေ့
သည်။ အကြံပေး၊ လမ်းပြရန်စွမ်းပေ၊ ကွယ်ကာရန်တန်ခိုး
ကြီးလေ၊ထိုမျှချစ်သော အရှင်ထံမှ၊ ခွဲနိုင်တန်ခိုးမရှိပါ။
အသက်သေခြင်း၊ ငရဲလောက၊ ဘယ်ရာမျှ မခွဲနိုင်ကြ။
137
