တပည့်တော် အချင်းချင်း ချစ်ခြင်းကျူး။
Blest be The tie That Binds.
[ Verse 1. ]
ထက်ဘုံ၌-ကဲ့သို့တည်း။
တပည့်တော် ချစ်ခြင်းသည်၊
ညီအစ်ကို ချင်း၌တည်။
ဝိညာဥ်သဘော ညီညွတ်အစဥ်၊
[ Verse 2. ]
အဘ ပလ္လင်တော်ရှေ့၊
အလိုများ လျှောက်နိုင်ပေ။
ငြိမ်သက်ခြင်းခွင့် အစဥ်ရှာတွေ့၊
ဂုဏ်တော်ကို ချီးမွမ်းလေ။
[ Verse 3. ]
တပည့်တော်-တို့သည်ကား၊
ဝန်ချင်း-တို့ကို ဆောင်ရွက်။
အချင်းချင်းဖို့ ကြိမ်ဖန်များစွာ၊
ကြင်နာသော မျက်ရည်ထွက်။
[ Verse 4. ]
ချစ်မိတ်ဆွေနှင့် ကွာလျှင်၊
ဝမ်းနည်းခြင်း ရှိသော်လည်း၊
နောက်နောင် ပြန်တွေ့မည် ဟုမျှော်လင့်၊
ထို့ကြောင့်၊ နှစ်သိမ့်နိုင်၏။
4
