ကယ်တင်ရှင်ဝင်ပါစေ။
Let the Saviour In.
[ Verse 1. ]
ဧည့်သည် တံခါးမှာ စောင့်နေ၊ ဝင်ပါစေ၊
ကြိမ်ဖန်များစွာ လာခဲ့ပြီ၊ ဝင်ပါစေ၊ မသွားမီ
ဝင်ဖို့ခွင့်ပေး၊ သန့်ရှင်း ကိုယ်တော်မြတ် ဝင်စေ။
ခမည်းတော်၏ သားတော်ကို ဝင်ပါစေ။
[ Verse 2. ]
ခု ဝိညာဥ် တံခါးဖွင့်လော့၊ ဝင်ပါစေ။ ဆိုင်းလျှင်
သွားတော်မူမည် ဝင်ပါစေ။ မိတ်ဆွေ စစ်ဖြစ်
တော်မူ၍ သင့်ဝိညာဥ်ကို စောင့်မသော၊
ကယ်တင်ရှင် ဖြစ်တော်မူ၏ ဝင်ပါစေ။
[ Verse 3. ]
ချိုသာလှ သံကြားသလား၊ ဝင်ပါစေ။ ယနေ့တွင်
ပင်လက်ခံလော့၊ ဝင်ပါစေ၊ တံခါးပြင်မှာ ရပ်
နေသည်။ ဝမ်းသာခြင်း တိုးတက်စေမည်။
နာမတော်ကို ရိုသေသော် ဝင်ပါစေ။
[ Verse 4. ]
ယခု ကောင်းကင်မှ ဧည့်သည် ဝင်ပါစေ၊
ကောင်းကင်မုန့်ကို ကျွေးလိမ့်မည်၊ ဝင်ပါစေ။
သင့်အပြစ်များကို လွှတ်မည်၊ လောကမှ စတေ့
သောခါ၊ ကောင်းကင်သို့ပို့ရန် ကြွလာဝင်ပါစေ။
79
