ယေရှု ကျွန်ုပ်လာသည်။
Jesus I Come.
[ Verse 1. ]
ချည်နှောင်ခြင်းနှင့် ဝမ်းနည်းခြင်းထဲက၊ ကိုယ်တော်
ထံသို့ ကျွန်ုပ်လာသည်။ လွတ်လပ်ခြင်းနှင့် ဝမ်းသာ
ခြင်းထဲသို့၊ ယေရှု ကျွန်ုပ်လာပြီ။ ဤရောဂါကကျန်း
မာခြင်းမြတ်သို့၊ ဆင်းရဲခြင်းမှ ဝပြောခြင်းရာဖို့၊ ဒုစ
ရိုက်များက၊ ကိုယ်တော်ထံသို့ ယေရှု၊ ကျွန်ုပ်လာပြီ။
[ Verse 2. ]
အလွန်ရှက်ကြောက်ဖွယ်ဆုံးရုံးခြင်းက၊ ကိုယ်တော်
ထံသို့ကျွန်ုပ်လာသည်။ တိုင်တော်ဖြင့်ရသောအောင်
မြင်ခြင်းသို့၊ ယေရှု၊ ကျွန်ုပ်လာပြီ။ ခံရသော ဒုက္ခ
ဝေဒနာမှ၊ ကိုယ်တော်၏ငြိမ်သက် ဝမ်းသာခြင်းသို့၊
ငိုကြွေးခြင်းမှ သီချင်းဆိုဖို့ရာ၊ ယေရှု ၊ ကျွန်ုပ်လာပြီ။
[ Verse 3. ]
လောဘ၊မာန ၊ ထောင်လွှားခြင်းထဲမှ၊ ကိုယ်တော်ထံ
သို့ ကျွန်ုပ်လာသည်။ အလိုတော်ကို အစဥ်လိုက်ဖို့
ရာ၊ ယေရှုကျွန်ုပ်လာပြီ ။ ကျွန်ုပ်စိတ်ပျက်ခြင်း အား
လျှောခြင်းမှ၊ ကိုယ်တော်မဟာ မေတ္တာတော်ထဲသို့၊
ချိုးငှက်ကဲ့သို့ ပျံတက်နေဖို့ရာ၊ ယေရှုကျွန်ုပ်လာပြီ။
82
