ကိုယ်တော်အား ဆက်ကပ်ပူဇော်ခြင်း။
Take My Life, and let It Be.
[ Verse 1. ]
ကျွန်ုပ်-အသက်လက်ခံပါ။ ကိုယ်တော်ကို ပူဇော်
ဆက်သ။ နေ့ရက်အချိန် ရှိသမျှ၊
(ချီးမွမ်းခြင်းနှင့်ပြည့်စေပါ)၂-ခါ။
[ Verse 2. ]
ကိုယ်တော် ချစ်ခြင်း နှိုးဆော်ရာ၊ ကျွန်ုပ်လက်၊
မှုဆောင်စေပါ၊ ကိုယ်တော်ရှင်မြတ် အဖို့သာ၊
(ကျွန်ုပ်ခြေ၊ လျက်မြန်စေပါ)၂-ခါ။
[ Verse 3. ]
ကျွန်ုပ်အသံ လက်ခံပါ။ကိုယ်တော်ကို ချီးမွမ်း
ကျူးရာ၊ နှုတ်ကပတ်တော် မြတ်နှင့်သာ၊
(ကျွန်ုပ်နှုတ်ကို ပြည့်စေပါ)၂-ခါ။
[ Verse 4. ]
ကျွန်ုပ်-ရွှေငွေရှိသမျှ၊ ကိုယ်တော်မြတ်လက်ခံမူပါ၊
ကိုယ်တော်မြတ် အလိုရှိရာ၊
(ကျွန်ုပ်-ဥာဏ်ကို သုံးမူပါ)၂
[ Verse 5. ]
ကျွန်ုပ်-အလိုလက်ခံပါ၊ ကိုယ်တော်အလို ဖြစ်
စေပါ။ ကျွန်ုပ်စိတ်၊ ကိုယ်တော်ပိုင်ပေ။
(ကိန်းဝပ်ရာ၊ ပလ္လင်ဖြစ်စေ)၂-ခါ။
[ Verse 6. ]
ကျွန်ုပ်-ချစ်ခြင်း လက်ခံပါ။ ခြေတော်ရင်းမှာ
ချထားပါ။ ကျွန်ုပ်ကို ယူဆောင်တော်မူပါ၊
(ကိုယ်တော်ဖို့၊ ဖြစ်မည့်-အစဥ်)၂-ခါ။
146
