တပည့်တော်မှန် သူတို့တာဝန်သည်။
The Duty of all True Disciples.
[ Verse 1. ]
တပည့်တော်မှန်၊ သူတို့-တာဝန်သည်။ ကျမ်းစာ၌
သီးခြား ပါရှိပြီ။ ကျွန်အဖြစ် စင်စစ်-ကင်းလွတ်
သော်ငြား၊ ချစ်သားတို့၊ တာဝန်-လွန်ကြီးလှ။
[ Chorus ]
လွတ်ခြင်းခွင့်၊ ရကြသည်တွင်၊ ဇာတိကို
ခွင့်-မပေးသင့်၊ ဝိညာဥ်တော်၊ သွေးရာ
လိုက်မှ၊ ပညတ်များနှင့် ကင်းလွတ်ရာ။
[ Verse 2. ]
ဝိညာဥ်တော် ပြညွန်သွန်သင်ပြုပြင်၊ သွေးဆောင်
သည့်အတိုင်း ကျင့်နေလျှင်၊ ဇာတိ၏ အလိုသို့
မလိုက်ဘဲ၊ ရှိနေကြလိမ့်မည်၊ စဥ်-အမြဲ။
[ Chorus ]
လွတ်ခြင်းခွင့်၊ ရကြသည်တွင်၊ ဇာတိကို
ခွင့်-မပေးသင့်၊ ဝိညာဥ်တော်၊ သွေးရာ
လိုက်မှ၊ ပညတ်များနှင့် ကင်းလွတ်ရာ။
[ Verse 3. ]
ဝမ်းမြောက်ခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်းနှင့်၊
ကောင်းမြတ်ခြင်း သဘောရှိရှိပင်၊ တပည့်တော်
မှန်-သူတို့တွင်ရှိသည်။ ဝိညာဥ်တော်ရလျှင် ရှိရမည်။
[ Chorus ]
လွတ်ခြင်းခွင့်၊ ရကြသည်တွင်၊ ဇာတိကို
ခွင့်-မပေးသင့်၊ ဝိညာဥ်တော်၊ သွေးရာ
လိုက်မှ၊ ပညတ်များနှင့် ကင်းလွတ်ရာ။
[ Verse 4. ]
ပုံသက်သေတော်ကို နှစ်ကြိုက်လိုက်နာ၊ ငါတို့
သည် ကျင့်စောင့်လျက်နေရာ၊ ကောင်းကင်တွင်၊
ဗိုလ်ခြေ၊ သတ္တိရှိရှိ။ ငါ - တို့ဖြင့် ၊ သွန်သင်တော်
မူသည်။
[ Chorus ]
လွတ်ခြင်းခွင့်၊ ရကြသည်တွင်၊ ဇာတိကို
ခွင့်-မပေးသင့်၊ ဝိညာဥ်တော်၊ သွေးရာ
လိုက်မှ၊ ပညတ်များနှင့် ကင်းလွတ်ရာ။
187
