အသင်းတော်၏ အမြစ်။
The Church's One Foundation.
[ Verse 1. ]
အသင်းတော်၏ အမြစ်ကား၊ ယေရှုသခင်ပေတည်း၊
ရေတော်၊ နှုတ်ကပတ်တော်ဖြင့် အသင်းတော်ဖန်ဆင်းပြီ၊
သတို့သမီးမြတ်စေရာ၊ ရှာအောင်ဆင်းသက်မူ၏၊ သွန်း
လောင်းသွေးတော်၊ ဝယ်ယူရာစွန့်သက်တော်ရှင်စေပါ။
[ Verse 2. ]
လူမျိုးမျိုးထံ ရွေးကောက်တော်၊ တစ်လုံးတစ်တည်းရှိ
ဘုရား၊ တရားဖွားခြင်းကား၊ တပါးတည်းသာ ရှိ၏၊
ကြီးမြတ် သန့်ရှင်းနာမတော်၊ ပွဲတော်တစ်ပါးပေတည်း၊
တစ်ခုတည်းသောမျှော်လင့်ခြင်း၊ မှီအောင်ကြိုးစားရမည်။
[ Verse 3. ]
ညှဥ်းဆဲဒုက္ခမျိုးမျိုးနှင့် သင်းတော်စစ်ပြိုင်နေစဥ္၊ မကုန်
မဆုံးနိုင်ချမ်းသာ၊ မြော်မြင်နေလျက်ဆိုင်းလင့်၊ မြတ်
ဆုံးသောရူပါရုံကို၊ မျက်စိတွေ့မြင်သောခါ၊ ဘုန်းတော်
ပြည့်စုံသော အသင်းတော် ၊ ရွှင်လန်းမည် သာယာစွာ။
[ Verse 4. ]
တစ်ဆူတည်းသော ဘုရားနှင့်၊ သင်းတော် သင့်တင့်ပါ
ပြီ။ သေလွန်သန့်ရှင်းသူများနှင့် မိတ်ဆွေဖွဲ့ခြင်းရှိ၏။
ထိုမင်္ဂလာသူတို့နှင့်၊ ကောင်းကင်နိုင်ငံတော်တွင်၊ ပေါင်း
ဖော်ရအောင် ကျွန်ုပ်တို့အား သနားပါတော့၊ သခင်။
62
