ကြိုးစားသင်းသား။
The Endeavour Band.
[ Verse 1. ]
ကြိုးစားသင်းသား၊ နီးဝေးရပ်က၊ စည်းဝေးခြင်း
ငှာ၊ စုရုံးလာကြ၊ မျှော်လင့် ရွှင်ပျော်ခြင်း-များ
ပါသော၊ နှုတ်ကပတ်တော်၊ ဖတ်ရွတ်နှိုးဆော်။
[ Chorus ]
ကြိုးစားခြင်းအသင်းသား၊ နာမတော်၌
စုကြ၊ စိတ်သဘောချင်းညီညာ၊ ဘုန်း
တော်မြတ် ကြွေးကြော်ကြ၊ ကိုယ်တော်
နှင့် နိုင်ငံဖို့၊ ရဲရင့်စွာရပ်ကြစို့၊ ကြိုးစား
ခြင်းအသင်းကို မစရန်၊ ဆုတောင်းစို့။
[ Verse 2. ]
ခရစ်တော်သာ၊ ချီးမွမ်းခြင်းငှာ၊ သီချင်းချိုသာ၊
ဆိုရန်-စုကြ။ ငယ်သောသူများ ဤရပ်ငှာန၊
သက်ထာဝရ လမ်းတွေ့စိမ့်ငှာ။
[ Chorus ]
ကြိုးစားခြင်းအသင်းသား၊ နာမတော်၌
စုကြ၊ စိတ်သဘောချင်းညီညာ၊ ဘုန်း
တော်မြတ် ကြွေးကြော်ကြ၊ ကိုယ်တော်
နှင့် နိုင်ငံဖို့၊ ရဲရင့်စွာရပ်ကြစို့၊ ကြိုးစား
ခြင်းအသင်းကို မစရန်၊ ဆုတောင်းစို့။
[ Verse 3. ]
မှုတော်မြတ်ကို ဆောင်ရွက်ခြင်းဖို့၊ ကတိသစ်ကို
ထားကြဦးစို့။ ထက်အိမ်တော်ကောင်း၊ ရောက်
သည့်တိုင်အောင်၊ ယုံကြည်ထပ်လောင်း၊
မှုတော်ရွက်ဆောင်။
[ Chorus ]
ကြိုးစားခြင်းအသင်းသား၊ နာမတော်၌
စုကြ၊ စိတ်သဘောချင်းညီညာ၊ ဘုန်း
တော်မြတ် ကြွေးကြော်ကြ၊ ကိုယ်တော်
နှင့် နိုင်ငံဖို့၊ ရဲရင့်စွာရပ်ကြစို့၊ ကြိုးစား
ခြင်းအသင်းကို မစရန်၊ ဆုတောင်းစို့။
[ Verse 4. ]
ဂတိတော်ကို ယုံကြည်စိတ်ချ၊ ကြိုးစားလုပ်
ဆောင်၊ မှုတော်မြတ်ကို ရပ်ဝေးနီးက မိတ်ဖွဲ့စိမ့်
ငှာ၊ လက်တွဲညီညာ၊ မှုတော်ရွက်ဆောင်။
[ Chorus ]
ကြိုးစားခြင်းအသင်းသား၊ နာမတော်၌
စုကြ၊ စိတ်သဘောချင်းညီညာ၊ ဘုန်း
တော်မြတ် ကြွေးကြော်ကြ၊ ကိုယ်တော်
နှင့် နိုင်ငံဖို့၊ ရဲရင့်စွာရပ်ကြစို့၊ ကြိုးစား
ခြင်းအသင်းကို မစရန်၊ ဆုတောင်းစို့။
153
