ယေရှုထံသို့ ချဥ်းကပ်ကျူး။
Come to the Saviour.
[ Verse 1. ]
ကယ်တင်ပိုင်ရှင်ထံ၊ ချဥ်းကပ်ဖို့ရာ၊ ကျမ်းစာအား
ဖြင့်၊ သမ္မာလမ်းထင်ရှား၊ ဖြည်းညှင်း ခေါ်ဖိတ်၊
သံတော်နားထောင်ကြ၊ ဆိုင်း၍ မနေလာလေ။
[ Chorus ]
ဒုစရိုက် အပြစ်များနှင့် ကင်းရှင်း။ စိတ်နှလုံး
သာယာ၊ ရွှင်မြူးခြင်းနှင့်။ ကိုယ်တော်မြတ်ဖူး-
မြင်ပါမည်-အစဥ် ၊ ကောင်းကင် ရွှေပြည်၌ပေ။
[ Verse 2. ]
သူငယ်တို့ ငါ့ထံ လာပါလေစေ၊ ယေရှုခရစ်သည်
မိန့်တော်မူပေ။ ဝမ်းမြောက်သော စိတ်နှင့် နာခံ
ကြလေ၊ လျင်မြန်စွာ ချဥ်းကပ်ပါ။
[ Chorus ]
ဒုစရိုက် အပြစ်များနှင့် ကင်းရှင်း။ စိတ်နှလုံး
သာယာ၊ ရွှင်မြူးခြင်းနှင့်။ ကိုယ်တော်မြတ်ဖူး-
မြင်ပါမည်-အစဥ် ၊ ကောင်းကင် ရွှေပြည်၌ပေ။
[ Verse 3. ]
ငါတို့ အလယ်၌ ကိုယ်တော်မြတ်သည်၊ ဤနေ့
တွင်ပင်၊ ရပ်နေတော်မူ၏။ ပညတ်တော်များကို
မိန့်မြတ်သတည်း။ သင်တို့ ခံယူမည်လော။
[ Chorus ]
ဒုစရိုက် အပြစ်များနှင့် ကင်းရှင်း။ စိတ်နှလုံး
သာယာ၊ ရွှင်မြူးခြင်းနှင့်။ ကိုယ်တော်မြတ်ဖူး-
မြင်ပါမည်-အစဥ် ၊ ကောင်းကင် ရွှေပြည်၌ပေ။
[ Verse 4. ]
နောင် မကြာခင်၊ ကိုယ်တော်ရှင်မြတ်သည်၊ ပြန်ကြွ
လာမည်၊ ယုံသူ သိမ်းဆည်ရန်၊ ပြင်ဆင်ထားမီး
ခွက်-ဆီထည့်ချိန်ခါ၊ မျက်နှာတော်-ဖူးမြင်မည်။
[ Chorus ]
ဒုစရိုက် အပြစ်များနှင့် ကင်းရှင်း။ စိတ်နှလုံး
သာယာ၊ ရွှင်မြူးခြင်းနှင့်။ ကိုယ်တော်မြတ်ဖူး-
မြင်ပါမည်-အစဥ် ၊ ကောင်းကင် ရွှေပြည်၌ပေ။
71