လာလိုသူတိုင်း လာနိုင်ခြင်း။
Who so Ever Will May Come.
[ Verse 1. ]
ကြားရသော သူတိုင်း၊ သတင်းတော် မြတ်လွှင့်ပါ၊
လောကတစ်လျှောက်လုံး၊ မင်္ဂလာ သတင်းကြော်
ငြာ၊ ဝမ်းမြောက်ဖွယ် သတင်း ၊ လူတိုင်းတို့အား
ကြွေးကြော်၊ လာလိုသူတိုင်း-လာကြလော့။
[ Chorus ]
လာလိုသောသူတိုင်း၊ လာနိုင်ကြောင်းကြွေးကြော်၊
တော်ငပေါ်တော်ငကြား၊ ထိုသတင်းတော်မြတ်
လွှင့်လော့၊ လမ်းလွဲသောသူအား ချစ်ဖခင်ခေါ်မူ
လေ၊ လာလိုသူတိုင်း-လာနိုင်ပေ။
[ Verse 2. ]
လာလိုသော သူတိုင်း၊ ဆိုင်း၍ မနေလေရာ၊
တံခါးသည် ပွင့်နေစဥ်၊ ဝင်လိုလျှင် ဝင်ပါ၊
ယေရှုရှင်သည် မှန်သော အသက်လမ်း ဖြစ်ပေ။
လာလိုသူတိုင်း-လာနိုင်လေ။
[ Chorus ]
လာလိုသောသူတိုင်း၊ လာနိုင်ကြောင်းကြွေးကြော်၊
တော်ငပေါ်တော်ငကြား၊ ထိုသတင်းတော်မြတ်
လွှင့်လော့၊ လမ်းလွဲသောသူအား ချစ်ဖခင်ခေါ်မူ
လေ၊ လာလိုသူတိုင်း-လာနိုင်ပေ။
[ Verse 3. ]
လာလိုသော သူဖို့၊ ကတိတော်မြတ်မြဲတည်၊
လာလိုသောသူသည် အစဥ် သည်းခံရမည်၊
လာလိုသောသူ ထာဝရအသက် ရချေ၊
လာလိုသူတိုင်း-လာနိုင်ပေ။
[ Chorus ]
လာလိုသောသူတိုင်း၊ လာနိုင်ကြောင်းကြွေးကြော်၊
တော်ငပေါ်တော်ငကြား၊ ထိုသတင်းတော်မြတ်
လွှင့်လော့၊ လမ်းလွဲသောသူအား ချစ်ဖခင်ခေါ်မူ
လေ၊ လာလိုသူတိုင်း-လာနိုင်ပေ။
77