ထိုအရပ်မှာ နေလိုသည်။
I Long to Be There.
[ Verse 1-. ]
ဝေးလှသော ပြည်ရှိကြောင်း ကြားရပြီ၊
ဘုန်းတော်မြတ် နှုတ်ဖြင့်၊ မြွတ်ဆိုမမှီ၊
အိမ်တော်နေထက်၊ ထွန်းတောက်သာယာ၏၊
ယေရှုရှင်နှင့် အစဥ်နေလိုသည်။
[ Chorus ]
( ထိုရပ်မှာ၊ ထိုရပ်မှာ၊
ယေရှုရှင်နှင့် အစဥ်လျှင်နေချင်)၂-ခါ။
[ Verse 2. ]
မောပန်းသူများတို့ နားနေစရာ၊
ကောင်းကင်ဘုံပမာ ဆောင်ပြလျက်ရှိ၊
လောကတွင် ဝမ်းမြောက် ရွှင်လန်းခြင်းများ၊
ပြည်တော်ဘုန်းကို လူသည်မှန်မသိ။
[ Chorus ]
( ထိုရပ်မှာ၊ ထိုရပ်မှာ၊
ယေရှုရှင်နှင့် အစဥ်လျှင်နေချင်)၂-ခါ။
[ Verse 3. ]
ထိုရပ်မှာတင့်တယ်၊ ဘုန်းတော်မြတ်တွင်၊
ကြည်လင်လှစွာ၊ သက်စမ်းရေမြစ်မှာ၊
တည်ကြည် ဖြောင့်မတ်သူများ စံစားလျှင်၊
သာယာစွာဘေးမှ လွတ်ကင်းရှင်းကွာ။
[ Chorus ]
( ထိုရပ်မှာ၊ ထိုရပ်မှာ၊
ယေရှုရှင်နှင့် အစဥ်လျှင်နေချင်)၂-ခါ။
[ Verse 4. ]
ကယ်တင်ခြင်း ခံသူများ ထိုရပ်မှာ၊
ယေရှုနှင့် သိုးခြံတော် ရိပ်အောက်မှာ၊
အစဥ်မပြတ် ဧမာနွေလအပါး၊
သူတို့သည် ပြောမမှီ-ဘုန်းခံစား။
[ Chorus ]
( ထိုရပ်မှာ၊ ထိုရပ်မှာ၊
ယေရှုရှင်နှင့် အစဥ်လျှင်နေချင်)၂-ခါ။
167
