ကျေးဇူးတော် ဧကျူးလော့။
Let us praise for the Grace.
[ Verse 1. ]
ကျေးဇူးတော်ကို ဧကျူးဦးစို့၊ ချီးမွမ်းမကုန် ကျေးဇူး
ဂုဏ်ကို ခုပင်၊ တစ်ဖန် ချီးမွမ်းကြရာ၊ မြတ်ယေရှု၏
ကျေးဇူးကြီးလှ။
[ Chorus ]
ကျေးဇူးတော် ဧကျူးလော့။ ပြစ်ကြွေးမှ ရွေးနှုတ်
မူပြီ။ ကျေးဇူးတော်၊ ဧကျူးလော့၊
ခန္ဓာလည်း၊ ရွေးနှုတ်-မူမည်။
[ Verse 2. ]
ချစ်မေတ္တာတော် ချီးမွမ်းကြွေးကြော်။ ယေရှုသခင်
ချစ်ရှင်ကိုယ်တော်၊ ကုသိုလ်တော်ကို ကြည်ညို
အောက်မေ့၊ ခုပင်၊ တစ်ဖန်-ချီးမွမ်းရပေ။
[ Chorus ]
ကျေးဇူးတော် ဧကျူးလော့။ ပြစ်ကြွေးမှ ရွေးနှုတ်
မူပြီ။ ကျေးဇူးတော်၊ ဧကျူးလော့၊
ခန္ဓာလည်း၊ ရွေးနှုတ်-မူမည်။
[ Verse 3. ]
ပြစ်၌နစ်မြုပ်လျက် စက်ဆုတ်ဖွယ်ရာ၊ ပျက်စီးလျက်
ပင်ရှိစဥ်ကာလ၊ ယေရှုသခင် ကိုယ်တော်ရှင်ပင်၊
ဆင်းသက်မူ၍ ရွေးနှုတ်ကယ်တင်။
[ Chorus ]
ကျေးဇူးတော် ဧကျူးလော့။ ပြစ်ကြွေးမှ ရွေးနှုတ်
မူပြီ။ ကျေးဇူးတော်၊ ဧကျူးလော့၊
ခန္ဓာလည်း၊ ရွေးနှုတ်-မူမည်။
[ Verse 4. ]
ယခုမူကား၊ ဘုရားသခင်၊ ရှေ့တော်မှောက်သို့ တိုး
ရောက်ခိုဝင်၊ လျှောက်တင်ရသော ခွင့်များရကြ၊
ချီးမွမ်း-လျက်နှင့်၊ သီချင်းဆိုကြ။
[ Chorus ]
ကျေးဇူးတော် ဧကျူးလော့။ ပြစ်ကြွေးမှ ရွေးနှုတ်
မူပြီ။ ကျေးဇူးတော်၊ ဧကျူးလော့၊
ခန္ဓာလည်း၊ ရွေးနှုတ်-မူမည်။
[ Verse 5. ]
ကျေးဇူးတော်ကြောင့်၊ ထူးမြတ်ခွင့်ရ၊ သွေးတော်
ဆေးလျှော်၊ သန့်ရှင်းသူများ၊ ရ-ကြအမှန် ဧကန်
မလွဲ၊ သို့ကြောင့်၊ ချီးမွမ်း-ဆိုမည်အမြဲ။
[ Chorus ]
ကျေးဇူးတော် ဧကျူးလော့။ ပြစ်ကြွေးမှ ရွေးနှုတ်
မူပြီ။ ကျေးဇူးတော်၊ ဧကျူးလော့၊
ခန္ဓာလည်း၊ ရွေးနှုတ်-မူမည်။
178
