ငိုခြင်းဖြင့် မချမ်းသာ။
Weeping Will Not Save Me.
[ Verse 1. ]
ငိုခြင်းဖြင့် မချမ်းသာ၊ ငါ၏မျက်ရည်ကျသော်လည်း၊
ကြောက်ရွံ့ခြင်း မကင်းနိုင်ပြီ၊ ပြုမိပြစ် မဆေးနိုင်ပြီ၊
ငိုခြင်းဖြင့်၊ မချမ်းသာ။
[ Chorus ]
ယေရှု ၊ ငါ့တွက် ငိုကြွေးပြီ၊ ငါ့-တွက် တိုင်ပေါ်
မှာ ခံပြီ။ ငါ့-ကို လွတ်ရန်စောင့်နေသည်၊
ကိုယ်တော်သာ ကယ်နိုင်၏။
[ Verse 2. ]
ကုသိုလ်ဖြင့်မချမ်းသာ၊ ငါ၏ကောင်းမှုကုသိုလ်များ၊
ဖြောင့်မတ်သန့်ရှင်း ကြံစည်ရာ၊ ဝိညာဥ်သစ် မဖြစ်
စေပါ၊ ကုသိုလ်ဖြင့်၊ မချမ်းသာ။
[ Chorus ]
ယေရှု ၊ ငါ့တွက် ငိုကြွေးပြီ၊ ငါ့-တွက် တိုင်ပေါ်
မှာ ခံပြီ။ ငါ့-ကို လွတ်ရန်စောင့်နေသည်၊
ကိုယ်တော်သာ ကယ်နိုင်၏။
[ Verse 3. ]
ဆိုင်းခြင်းဖြင့် မချမ်းသာ၊ အားနည်းပြစ်မှား လမ်းလွှဲ
သွား၊ ကရုဏာတော် ခေါ်စဥ်ခါ၊ ဆိုင်းနေလျှင်
သေမည် မှန်ပါ၊ ဆိုင်းခြင်းဖြင့်၊ မချမ်းသာ။
[ Chorus ]
ယေရှု ၊ ငါ့တွက် ငိုကြွေးပြီ၊ ငါ့-တွက် တိုင်ပေါ်
မှာ ခံပြီ။ ငါ့-ကို လွတ်ရန်စောင့်နေသည်၊
ကိုယ်တော်သာ ကယ်နိုင်၏။
[ Verse 4. ]
ယုံခြင်းဖြင့်သာချမ်းသာ၊ ငိုကြွေးသားတော်ယုံစေပါ။
ကုသိုလ်တော် ကိုးစားစေပါ၊ ရင်ခွင်တော် ပြေးရန်
ကယ်ပါ၊ ယုံခြင်းဖြင့်သာ ချမ်းသာ။
[ Chorus ]
ယေရှု ၊ ငါ့တွက် ငိုကြွေးပြီ၊ ငါ့-တွက် တိုင်ပေါ်
မှာ ခံပြီ။ ငါ့-ကို လွတ်ရန်စောင့်နေသည်၊
ကိုယ်တော်သာ ကယ်နိုင်၏။
85
