သာယာ ပြည်တော်။
Beaulah Land.
[ Verse 1. ]
ဆန်စပါး၊ စပျစ်ရည်နှင့်ပြည့်၊ ငါအမွေခံရာ၊
ပြည်ရောက်ပြီ။ ထိုပြည်တော်တွင် အစဥ်ထွန်း
လင်း၊ ညချိန်မရှိရ၊ ကွယ်ပျောက်ကင်း။
[ Chorus ]
အိုရွှေပြည်တော်၊ သာယာပြည်တော်၊ မြင့်သော
တောင်ထိပ်၊ ပေါ်မှကြည့်သော်၊ ငါ့-ဖို့ပြင်ထား၊
အိမ်တော်ရှိ၏၊ ပင်လယ်တစ်ဖက်-ကမ်း ငါ-
မျှော်ကြည့်၊ ထွန်းလင်းကမ်းပါးမှာ ငါ-ရှုမြင်၊
ထာဝရ-ကောင်းကင် ငါ့-ဖို့ပင်။
[ Verse 2. ]
ကယ်ချွတ်ရှင်သည် ငါ-နှင့်သွားလာ၊ ချိုသာ
မိသသဟာယဖွဲ့ရ။ ဖြည်ညှင်းစွာ လက်တော်နှင့်
လမ်းပြ၊ ကောင်းကင်အစွန်း အနားရပ်မှာ။
[ Chorus ]
အိုရွှေပြည်တော်၊ သာယာပြည်တော်၊ မြင့်သော
တောင်ထိပ်၊ ပေါ်မှကြည့်သော်၊ ငါ့-ဖို့ပြင်ထား၊
အိမ်တော်ရှိ၏၊ ပင်လယ်တစ်ဖက်-ကမ်း ငါ-
မျှော်ကြည့်၊ ထွန်းလင်းကမ်းပါးမှာ ငါ-ရှုမြင်၊
ထာဝရ-ကောင်းကင် ငါ့-ဖို့ပင်။
[ Verse 3. ]
အစဥ်စိမ်းလန်း, သစ်ပင်တို့မှ၊ မွှေးကြိုင်နံ့သာ
လေ-တွေပြည့်ဝ၊ မနွမ်းပန်းပွင့်များ စဥ်ပွင့်သည်။
သက်စမ်းရေလည်း၊ စဥ်လျှင် စီး၏။
[ Chorus ]
အိုရွှေပြည်တော်၊ သာယာပြည်တော်၊ မြင့်သော
တောင်ထိပ်၊ ပေါ်မှကြည့်သော်၊ ငါ့-ဖို့ပြင်ထား၊
အိမ်တော်ရှိ၏၊ ပင်လယ်တစ်ဖက်-ကမ်း ငါ-
မျှော်ကြည့်၊ ထွန်းလင်းကမ်းပါးမှာ ငါ-ရှုမြင်၊
ထာဝရ-ကောင်းကင် ငါ့-ဖို့ပင်။
[ Verse 4. ]
ကောင်းကင်ဘုံသား၊ ကျူးဧသံများ၊ လေ-သာဖြင့်၊
ယူဆောင်လာဟန်ကြား၊ ကောင်းကင် သားတို့
ဝတ်လုံဖြူစင်၊ ကယ်တင်သီချင်း၊ ချီးမွမ်းဆိုစဥ်။
[ Chorus ]
အိုရွှေပြည်တော်၊ သာယာပြည်တော်၊ မြင့်သော
တောင်ထိပ်၊ ပေါ်မှကြည့်သော်၊ ငါ့-ဖို့ပြင်ထား၊
အိမ်တော်ရှိ၏၊ ပင်လယ်တစ်ဖက်-ကမ်း ငါ-
မျှော်ကြည့်၊ ထွန်းလင်းကမ်းပါးမှာ ငါ-ရှုမြင်၊
ထာဝရ-ကောင်းကင် ငါ့-ဖို့ပင်။
172