ခရစ်တော်နှင့် အသင်းတော်ကျူး။
Eor Christ and the Church.
[ Verse 1. ]
ခရစ်နှင့် အသင်းတော်အား ချီးမွမ်းကြ။ကောင်း
ကြီးပေးပိုင်သော ကိုယ်တော်ရှင်မြတ်ကျူးဧကြ။
ပျိုရွယ်စွမ်းရှိသမျှ၊ ကိုယ်တော်ဖို့ ဆက်သ၊
ဧဝံဂေလိသတင်းကောင်း၊ သက်သေခံစို့။
[ Chorus ]
ခရစ်...ချစ်ဘွယ်၊ ကယ်တင်ရှင်။
ကျွန်ုပ်တွက် သေခံသောအရှင်၊
သွေးတော်ဖြင့်၊ ရွေးနှုတ်သင်းတော်
တွက်၊ ကျွန်ုပ်-ရဲရင့်စေပါ။
[ Verse 2. ]
ခရစ်နှင့် အသင်းတော်တွက် ဆုတောင်းစို့၊ နေ့
စဥ်၊ ကိုယ့်-ကားတိုင်ထမ်းလျှက်၊ သက်တာခြေ
လှမ်းစို့။ ဝိညာဥ်တော်တန်ခိုးနှင့် လမ်းပြခြင်းခံယူ၊
သက်ရှိချိန်ကိုယ်တော်ဖို့၊ ဆက်ကပ်လုပ်ဆောင်စို့။
[ Chorus ]
ခရစ်...ချစ်ဘွယ်၊ ကယ်တင်ရှင်။
ကျွန်ုပ်တွက် သေခံသောအရှင်၊
သွေးတော်ဖြင့်၊ ရွေးနှုတ်သင်းတော်
တွက်၊ ကျွန်ုပ်-ရဲရင့်စေပါ။
[ Verse 3. ]
ခရစ်နှင့် အသင်းတော်တွင် ဝန်တာစိတ်။ ရှိသူ
များ၊ ဥစ္စာဘဏ္ဍာအချိန်၊ ဆက်ကပ်စို့။ မဆုံးနိုင်
ချစ်မေတ္တာ၊ ကယ်ချွတ်ရှင်မြတ်အား၊ ကိုယ်စိတ်
နှလုံး၊ သုံးပါး-အပ်နှံပူဇော်စို့။
[ Chorus ]
ခရစ်...ချစ်ဘွယ်၊ ကယ်တင်ရှင်။
ကျွန်ုပ်တွက် သေခံသောအရှင်၊
သွေးတော်ဖြင့်၊ ရွေးနှုတ်သင်းတော်
တွက်၊ ကျွန်ုပ်-ရဲရင့်စေပါ။
152
