သိုးထိန်းတို့သည် သိုးကို စောင့်လျက်။
White Shepherds Watched Their Flocks.
[ Verse 1. ]
သိုးထိန်း-တို့သည် သိုးကိုစောင့်လျက်၊ မြေပေါ်မှာ
ထိုင်နေခါ၊ ကောင်းကင်တမန် ထင်းရှားဆင်းသက်၊
တန်ခိုးဖြင့်၊ ထွန်းတောက်ကြ။
[ Verse 2. ]
မကြောက်-ကြလင့်၊ မြေကြီးသားများ၊ ဝမ်းမြောက်
ဖွယ်ရာ သတင်း။ သင်တို့ရှိရာ ဆောင်ခဲ့ရောက်လာ၊
ရွှင်မြူး၊ ဂုဏ်တော် ချီးမြှင့်။
[ Verse 3. ]
ဒါဝိတ်-မြို့တွင် ယနေ့၌လျှင်၊ ဒါဝတ် အမျိုးအနွယ်၊
ကင်တင်အရှင်၊ ခရစ်တော်ပင်၊
ဖွားမြင်ပြီး၊ မြတ်သူငယ်။
[ Verse 4. ]
အဝတ်-နှင့် ပတ်ရစ်လျှက်သိပ်၍၊ စားကျင့်တွင်
လျှောင်းစက်ခေါ်။ သင်တို့ ယခု သွား၍ရှာဖွေ၊
ဖူးတွေ့မည် သူငယ်တော်။
[ Verse 5. ]
ကောင်းကင်-တမန်၊ ဤသို့ဆိုခါ၊ ထင်ရှားရောင်ဝါ၊
ဗိုလ်ခြေ၊ မြတ်ဘုန်းတော် ထောမနာပြုကြ။
ဘုရားရှင် ချီးပင့်လေ။
[ Verse 6. ]
ထက်နေ-ဘုရား၊ ဘုန်းကြီုးစေသော၊ မြေပေါ်၌ ငြိမ်
သက်မြဲ။ ကိုယ်တော် သနားခြင်း မေတ္တာတော်၊
လူများပေါ် ရောက်မစဲ။
25
