လက်နက်ဆောင် လုလင်။
Only an Armour Bearer.
[ Verse 1. ]
လက်နက်ဆောင် လုလင်သာလျှင်၊ ဖြစ်ရသော်
လည်း၊ ရှင်ဘုရင် အာဏာသံနာခံ စောင့်မည်။
ချီတက်လော့ဟု အမိန့်တော်သံကြားလျှင်၊
ဗိုလ်ချုပ်တော်အပါးမှာ ရပ်လျက် စစ်တိုက်မည်။
[ Chorus ]
ချီတက်လော့ဟု ကြွေးကြော်-သံ၊ နာခံကြ။
ကြည့်ပါ၊ အားနည်းသူများ နောက်လှန်လဲကြ။
(လက်နက်ဆောင်လုပ်လုလင်သာ ဖြစ်ရသော်လည်း၊
ဗိုလ်ချုပ်တော်မင်း၊ ကျွန်ုပ်ကို အားကိုးမည်)၂-
[ Verse 2. ]
လက်နက်ဆောင်လုလင်သာလျှင်ဖြစ်ရသော်လည်း၊
စစ်ကွင်းတွင် စစ်တန်ဆာများကို စောင့်မည်၊
စစ်တိုက်သံ ကြွေးကြော်သံကို ကြားရလျှင်၊
ဤမှာ ကျွန်ုပ်ရှိ၏ဟု ပြန်၍ ဆိုမည်။
[ Chorus ]
ချီတက်လော့ဟု ကြွေးကြော်-သံ၊ နာခံကြ။
ကြည့်ပါ၊ အားနည်းသူများ နောက်လှန်လဲကြ။
(လက်နက်ဆောင်လုပ်လုလင်သာ ဖြစ်ရသော်လည်း၊
ဗိုလ်ချုပ်တော်မင်း၊ ကျွန်ုပ်ကို အားကိုးမည်)၂-
[ Verse 3. ]
လက်နက်ဆောင်လုလင်သာလျှင်ဖြစ်ရသော်လည်း၊
ဘုန်းတော်ပွင့် သရဖူကို ဆောင်းရမည်။
စစ်ပွဲတွင် ကျွန်ုပ်ကောင်းစွာ စစ်တိုက်လျှင်၊
ဆုပေးသော ကာလမှာ ကျွန်ုပ်ဆုရမည်။
[ Chorus ]
ချီတက်လော့ဟု ကြွေးကြော်-သံ၊ နာခံကြ။
ကြည့်ပါ၊ အားနည်းသူများ နောက်လှန်လဲကြ။
(လက်နက်ဆောင်လုပ်လုလင်သာ ဖြစ်ရသော်လည်း၊
ဗိုလ်ချုပ်တော်မင်း၊ ကျွန်ုပ်ကို အားကိုးမည်)၂-
[ Verse 4. ]
လက်နက်ဆောင်လုလင်သာလျှင် ဖြစ်ရသော်လည်း
ကိုယ်တော်ရှင်အားဖြင့်၊ ကိုယ့် ကားတိုင်ထမ်းလျှက်
ရှေ့တော်၌ သစ္စာရှိ ငယ်သားကောင်းဟု
ချီးမြှောက် ဆုချခြင်းကို ကျွန်ုပ်မှန်ရမည်။
[ Chorus ]
ချီတက်လော့ဟု ကြွေးကြော်-သံ၊ နာခံကြ။
ကြည့်ပါ၊ အားနည်းသူများ နောက်လှန်လဲကြ။
(လက်နက်ဆောင်လုပ်လုလင်သာ ဖြစ်ရသော်လည်း၊
ဗိုလ်ချုပ်တော်မင်း၊ ကျွန်ုပ်ကို အားကိုးမည်)၂-
98
