ထာဝရဘုရားသည် အစဥ်ခိုလှိုရာ။
O God, our help in ages past.
[ Verse 1. ]
ကိုယ်တော်ကာက အစဥ်အဆက်၊ ကျွန်ုပ်တို့ ခိုလှိုရာ။
လေပြင်းကျသော်၊ ကွယ်ကာမူလျက်၊
နေတော်မူ၏-ဘုရား။
[ Verse 2. ]
ပလ္လင်တော်၏ အရိပ်အောက်တွင်၊ လုံခြုံစွာ နေရပြီ။
လက်ရုံးတော်ကို ဆန့်တော်မူလျှင်၊
ဘေးကင်း၍ နေ-လိမ့်မည်။
[ Verse 3. ]
မြေကြီး လွတ်လပ်လဟာဖြစ်၍၊ တောင်များ မပေါ်
မီခင်။ ကိုယ်တော် နိစ္စဓူဝတည်ပေ၊
လောကုတ္တရာ-ဘုရင်။
[ Verse 4. ]
အချင်းလူသား၊ အမျိုးမျိုးတို့၊ မြေကြီးသို့ ပြန်ရောက်၍။
မြေမှုန့် ဖြစ်လျက်၊ ကြေမွစေလော့၊
ကိုယ်တော် မိန့်တော်-မူပေ။
[ Verse 5. ]
အနှစ်တစ်ထောင်သည် လွန်ပြီးသော၊ မနေ့ကဲ့သို့
ဖြစ်၏။ညဥ့်ယံ တစ်ယံကဲ့သို့ ကိုယ်တော်၊
မှတ်တော်မူလေ-သတည်း။
12
