ကျေးဇူးတော် ဧဝံဂေလိ။
The Gospel of Thy Grace.
[ Verse 1. ]
ကျေးဇူးတော်သတင်းသည်၊ မာကျောစိတ်
နိုးကြားစေ။ တစ်ပါးတည်းသော သားပင်၊
စွန့်သည် တိုင်အောင် ချစ်ပြီ။
[ Chorus ]
မည်သူ မဆို - ယုံကြည်ခြင်းဖြင့်၊
(သက်ထာဝရ အမှန်ရမည်။ ၂-ခါ)။
[ Verse 2. ]
တော၌ မြှောက်မြွေအားဖြင့် ၊ ကြည့်သူသက်သာ
ချမ်းသာ၊ သစ်တိုင်ပေါ်သားတော်ဖြင့်၊ ယုံကြည်
သူ အသက်ရ။
[ Chorus ]
မည်သူ မဆို - ယုံကြည်ခြင်းဖြင့်၊
(သက်ထာဝရ အမှန်ရမည်။ ၂-ခါ)။
[ Verse 3. ]
ပြစ်ရှိသူတိုင်း သေ၏။ ဤစီရင်ချက် မလွှဲ၊
သားတော်သာ မယုံလျှင်၊ သေမည် ဧကန်ငရဲ။
[ Chorus ]
မည်သူ မဆို - ယုံကြည်ခြင်းဖြင့်၊
(သက်ထာဝရ အမှန်ရမည်။ ၂-ခါ)။
[ Verse 4. ]
ယနေ့ ပြစ်ရှိသူတိုင်း၊ သားတော်ဖြင့် လွတ်နိုင်ပြီ။
ကယ်တင်ရှင် ယေရှုကို၊ ယုံကြည်လက်ခံနိုင်လေ။
[ Chorus ]
မည်သူ မဆို - ယုံကြည်ခြင်းဖြင့်၊
(သက်ထာဝရ အမှန်ရမည်။ ၂-ခါ)။
37
