အထွဋ် ဘုရင် ခေါ်လေ။
All Hail the Power of Jesus Name.
[ Verse 1. ]
သခင်ယေရှု နာမတော်အား၊ မြတ်မင်္ဂလာဖြစ်စေ။
(ကောင်းကင်တန် အပေါင်း မြှောက်ကြ၊
အထွဋ် ဘုရင်၊ ခေါ်လေ။)၂-ခါ။
[ Verse 2. ]
ရွေးကောက်သော ဣသရေလမျိုး၊ အကျန်အကြွင်း
နည်းပါး။ (ကျေးဇူးတော်ဖြင့်၊ ချွတ်ကယ်တင်ရှင်ကို
အထွဋ် ဘုရင်၊ ခေါ်ကြ။)၂-ခါ။
[ Verse 3. ]
တစ်ပါး အမျိုးသားလည်း ထို့သို့၊ ရွေးကျေးဇူးတော်
ချီးမွမ်း။ (ခြေရင်းတော်၌ ဦးညွတ်ရှိခိုး၊
အထွဋ် ဘုရင်၊ ခေါ်ကုန်။)၂-ခါ။
[ Verse 4. ]
မြေကြီးပေါ်တွင် လူမျိုးဘာသာ၊ ရှိရှိသမျှ လုံးစုံ။
(ဂုဏ်ကျေးဇူးတော် အပေါင်း မြောက်ကြ၊
အထွဋ် ဘုရင် ၊ ခေါ်ကုန်။)၂-ခါ။
[ Verse 5. ]
ထိုချီးမွမ်းသော သူတို့နှင့်အတူ၊ ကျွန်ုပ်တို့လည်း ပါဝင်
စေ၊ (မပြတ်အစဥ် သိချင်းဧကျူး၊
အထွဋ် ဘုရင်၊ ခေါ်မည်။)၂-ခါ။
49
