ငါတို့ တစ်ဖက်တွင်။
If God be for Us.
[ Verse 1. ]
ဝမ်းမြောက်စဥ်မပြတ်၊ ကရုဏာတော်မြတ်တွက်၊
အပြစ်လက်မှ လွတ်မြောက်ခွင့်ရ။ သွေးတော်ဖြင့်၊
ရွေးနုတ်၊ ကြောက်ရွှံ့ခြင်းနှင့် ကင်းလျက်၊
ကိုယ်တော်ကိုပင်၊ ခိုလှုံနေကြ။
[ Chorus ]
(ငါတို့တစ်ဖက်တွင်)၃ခါ။ မည်သူရှိနိုင်မည်နည်း။
မည်-သူ-ပင်-ငါတို့ တစ်ဖက်တွင် ရှိမည်နည်း။
[ Verse 2. ]
ဘုရားသခင်၌ ခွန်အားတိုးတက်သန်စွမ်း၊ နေ့စဥ်ကိုယ်
တော်ဘက်တွင် တည်ကြည်။ စုံစမ်းခြင်းတွေ့ခါ၊ တန်
ခိုးတော်နှင့်ခုခံ၊ ကိုယ်တော်တိုင် ကွယ်ကာရာဖြစ်မည်။
[ Chorus ]
(ငါတို့တစ်ဖက်တွင်)၃ခါ။ မည်သူရှိနိုင်မည်နည်း။
မည်-သူ-ပင်-ငါတို့ တစ်ဖက်တွင် ရှိမည်နည်း။
[ Verse 3. ]
နှုတ်ကပတ်တော်တွင် ရှိရှိကတိတော်များ၊ သားတော်၌
ပြည့်စုံမည်ယုံကြည်။ ကောင်းကင်နှင့်မြေကြီး၊ ပျောက်
လွင့်ပျက်စီးသော်ငြား၊ ကတိတော်တိုင်းဖြစ်ပျက်ရမည်။
[ Chorus ]
(ငါတို့တစ်ဖက်တွင်)၃ခါ။ မည်သူရှိနိုင်မည်နည်း။
မည်-သူ-ပင်-ငါတို့ တစ်ဖက်တွင် ရှိမည်နည်း။
[ Verse 4. ]
ကိုယ်တော်လက်အောက်တွင်၊ ခိုလှုံလျက်ရှိနေစဥ်၊ ထူး
စွာ သက်ရှင်လျက်ရှိရကြ။ ယုံသူသီးသီးပင်၊ ကယ်တင်
ရှင်လက်တော်တွင်၊ အလျှင်းပျောက်ပျက်ခြင်း မရှိရ။
[ Chorus ]
(ငါတို့တစ်ဖက်တွင်)၃ခါ။ မည်သူရှိနိုင်မည်နည်း။
မည်-သူ-ပင်-ငါတို့ တစ်ဖက်တွင် ရှိမည်နည်း။
200