ကိုယ်တော်အား အကောင်းဆုံးကို ပေးပါ။
Give of your best to the Master.
[ Verse 1. ]
ပျိုရွယ်စဥ်ခါ၊ သင်၏ခွန်အား၊ ကိုယ်တော်ရှင်
အားပူဇော်ပါ။ သစ္စာဘက်မှာ စစ်တိုက်သောခါ၊
ဝိညာဥ် စိတ်အားကြီးခြင်းပြ။ ယေရှုရှင်သည်
ပျိုရွယ်စဥ်ခါ၊ ပြသော ပုံစံကိုလိုက်ပါ။ သစ္စာနှင့်
မှုတော်ဆောင်ရွက်ပါ။ အမြတ်ဆုံးသာ ပူဇော်ပါ။
[ Chorus ]
ပျိုရွယ်စဥ်ခါ၊သင်၏ခွန်အား၊ ကိုယ်တော်ရှင်အား
ပူဇော်ပါ။ ကယ်တင်ခြင်း စစ်တန်ဆာဆင်ပါ။
သစ္စာဘက်က ဝင်-တိုက်ပါ။
[ Verse 2. ]
အမြတ်ဆုံးကိုသာ ပူဇော်ပါ၊ စိတ်နှလုံး ကြွင်းမဲ့
ချစ်ပါ။ ကိုယ်တော်ဖို့သာမှုတော်ဆောင်ပါ၊ ရှိသမျှ
ကိုပူဇော်ပါ။ လှူလျှင် သင်သည် ရပြန်လိမ့်မည်၊
သားတော်ကိုပင်၊ ပေးခဲ့ပြီ။ ကျေးဇူးတင်လျှင်
မူတော်ဆောင်ပါ။ အမြတ်ဆုံးသာ ပူဇော်ပါ။
[ Chorus ]
ပျိုရွယ်စဥ်ခါ၊သင်၏ခွန်အား၊ ကိုယ်တော်ရှင်အား
ပူဇော်ပါ။ ကယ်တင်ခြင်း စစ်တန်ဆာဆင်ပါ။
သစ္စာဘက်က ဝင်-တိုက်ပါ။
[ Verse 3. ]
အမြတ်ဆုံးကိုသာ ပူဇော်ပါ။ ခြားအရာ မထိုက်
တန်ပါ။ ကောင်းကင်ဘုံကို စွန့်ပစ်ပြီးခါ၊သင့်ကို
ကယ်ရန်မြေပေါ်လာ။ ပျက်စီးခြင်းမှကယ်တင်
ဖို့ရာ၊ မညည်းတွားဘဲ သက်စွန့်ရှာ။
အမြတ်ဆုံးသာ ပူဇော်ပါ။
[ Chorus ]
ပျိုရွယ်စဥ်ခါ၊သင်၏ခွန်အား၊ ကိုယ်တော်ရှင်အား
ပူဇော်ပါ။ ကယ်တင်ခြင်း စစ်တန်ဆာဆင်ပါ။
သစ္စာဘက်က ဝင်-တိုက်ပါ။
145
