ကျောက်မြဲ ခရစ်တော်။
My hope is Built on Nothing Less.
[ Verse 1. ]
ငါ-မျှော်လင့်ခြင်း အမြစ်တည်ရာ၊
ခရစ်တော်၏ အသွေးမြတ်သာ၊
ငါ-၏ ကျင့်ဝတ် မီဖွယ်မရှိ၊
နာမတော် ကုသိုလ် အောင်သတည်း။
[ Chorus ]
ကျောက်မြဲ၊ ခရစ်တော် ငါ-ခိုလှုံ၊
(အခြား တည်ရာရှိရှိ-သဲနှုန်း)
[ Verse 2. ]
ရွှေ-မျက်နှာတော် အလင်းကွယ်လျှင်၊
တည်မြဲ ကရုဏာတော်ခိုဝင်၊
လေပြင်းကျ၍ လှိုင်းထလျှင်လည်း၊
ကန့်လန့်ကာထဲ ကျောက်စွဲနေမည်။
[ Chorus ]
ကျောက်မြဲ၊ ခရစ်တော် ငါ-ခိုလှုံ၊
(အခြား တည်ရာရှိရှိ-သဲနှုန်း)
[ Verse 3. ]
ရေ-လွှမ်းအားကြီး ပတ်လည်ပြိုသော်၊
ကတိ၊ ပဋိညာဥ်နှင့် သွေးတော်၊
ငါကိုထောက်မ၊ ကိုယ်တော်သာလျှင်၊
ငါ-မျှော်လင့်ခြင်း၊ မှီဝဲရာပင်။
[ Chorus ]
ကျောက်မြဲ၊ ခရစ်တော် ငါ-ခိုလှုံ၊
(အခြား တည်ရာရှိရှိ-သဲနှုန်း)
[ Verse 4. ]
တံပိုး-မှုတ်လျှက် ကြွလာချိန်တွင်
ကိုယ်တော် ရှေ့မှောက်၌ ရပ်နေမည်။
သန့်ရှင်းစေ၊ သွေးတော်မြတ်ကြောင့်သာ၊
ပြစ်ကင်း၊ မျှော်လင့်ရာ-ရှင်သန်ပြီ။
[ Chorus ]
ကျောက်မြဲ၊ ခရစ်တော် ငါ-ခိုလှုံ၊
(အခြား တည်ရာရှိရှိ-သဲနှုန်း)
117
