ကိုယ်တော်ကို ကျွန်ုပ်ချီးမွမ်းပါမည်။
I Will Sing to God.
[ Verse 1. ]
ကိုယ်တော်ကို ကျွန်ုပ်ချီးမွမ်းပါမည်၊ ကျွန်ုပ်ကို ရွေး
နှုတ်ကယ်တင်မူ၏။ ရန်သူတို့သည် ကျွန်ုပ်အ
ကောင်းနဲ့၊ ပေးတော်မမူဝမ်းမြောက်ရသောအခွင့်။
[ Chorus ]
သို့ဖြစ်၍ ကျွန်ုပ်၏ စိတ်ဝိညာဥ်သည်၊ တိတ်
ဆိတ်စွာ အိပ်၍ မနေနိုင်ပြီ။ ကိုယ်တော်ကို
မပြတ် သီချင်း ဆိုလျက်ပင်၊ ကျေးဇူးတော်ကို
ချီးမွမ်းပါမည် အစဥ်။
[ Verse 2. ]
ကိုယ်တော်ကိုအော်ဟစ်၍ ကိုယ်တော်သည်၊ ကျွန်ုပ်
ကို ချမ်းသာပေးတော်မူ၏။ မရဏာနိုင်ငံထဲကနှုတ်
ယူ၍ အကျွန်ုပ်ကို သက်ရှင်ချမ်းသာခွင့်ပေး။
[ Chorus ]
သို့ဖြစ်၍ ကျွန်ုပ်၏ စိတ်ဝိညာဥ်သည်၊ တိတ်
ဆိတ်စွာ အိပ်၍ မနေနိုင်ပြီ။ ကိုယ်တော်ကို
မပြတ် သီချင်း ဆိုလျက်ပင်၊ ကျေးဇူးတော်ကို
ချီးမွမ်းပါမည် အစဥ်။
[ Verse 3. ]
ထောမနာ သီချင်းများ ဆိုကြလော့၊ ချီးမွမ်းလော့၊
သန့်ရှင်းသော နာမတော်၊ အမျက်တော် ခဏသာ
ထွက်တတ်၏။ ကျေးဇူးတော်ကား၊ တစ်သက်လုံး
မပြတ်တည်။
[ Chorus ]
သို့ဖြစ်၍ ကျွန်ုပ်၏ စိတ်ဝိညာဥ်သည်၊ တိတ်
ဆိတ်စွာ အိပ်၍ မနေနိုင်ပြီ။ ကိုယ်တော်ကို
မပြတ် သီချင်း ဆိုလျက်ပင်၊ ကျေးဇူးတော်ကို
ချီးမွမ်းပါမည် အစဥ်။
[ Verse 4. ]
ညဦးယံ ကာလ၌ ငိုကြွေးခြင်း၊ ကျွန်ုပ်ထံရောက်
လာ၍တည်းခိုလျှင်၊ နံနက်ယံ၌ကား သီချင်းဆို
ခွင့်၊ ပေးတော်မူသည်၊ ချီးမွမ်းမည် နေ့စဥ်ပင်။
[ Chorus ]
သို့ဖြစ်၍ ကျွန်ုပ်၏ စိတ်ဝိညာဥ်သည်၊ တိတ်
ဆိတ်စွာ အိပ်၍ မနေနိုင်ပြီ။ ကိုယ်တော်ကို
မပြတ် သီချင်း ဆိုလျက်ပင်၊ ကျေးဇူးတော်ကို
ချီးမွမ်းပါမည် အစဥ်။
[ Verse 5. ]
အကျွန်ုပ်မြည်တမ်း ငိုကြွေခြင်းများ၊ ကခုန်ခြင်း
ဖြစ်စေတော်မူတကား၊ ကျွန်ုပ်လျှော်တေဝတ်ကို
ချွတ်ပယ်၍ ဝမ်းမြောက်ခြင်း၏ ခါးပန်းနှင့်စည်းမူပေ။
[ Chorus ]
သို့ဖြစ်၍ ကျွန်ုပ်၏ စိတ်ဝိညာဥ်သည်၊ တိတ်
ဆိတ်စွာ အိပ်၍ မနေနိုင်ပြီ။ ကိုယ်တော်ကို
မပြတ် သီချင်း ဆိုလျက်ပင်၊ ကျေးဇူးတော်ကို
ချီးမွမ်းပါမည် အစဥ်။
59
