နားထောင် ငါ့ဝိညာဥ်။
Hark, Hark! My Soul.
[ Verse 1. ]
နားထောင်၊ ငါ့ဝိညာဥ် ကောင်းကင် သီချင်းသံများ၊
မြေပြင် စိမ်းလန်း၊ ပင်လယ်ကမ်း ကျော်ကျူးသည်၊
ထိုသာယာသော မင်္ဂလာ သီချင်းသံကား၊
ပြစ်ကင်းရာ ဘဝသစ်ကို ပြောသတည်း။
[ Chorus ]
သစ္စာစောင့်ထိန်း၊ ရွှေကောင်းကင်သားများတို့
လေ၊ ချိုသာလှ၊ ကောင်းကင်သီချင်းဆိုဦးကြ၊
ညဥ့် ငိုကြွေးသံ၊ နံနက်ဝမ်းမြောက်ခြင်းဆုံးစေ
ရှည်လျား မှောင်ရိပ်၊ မေတ္တာတော်၌လင်းရာ။
[ Verse 2. ]
သီချင်းသံကြား တိုးတက်လျက် ကျွန်ုပ်တို့သွား၊ ပင်
ပန်းသူများ၊ လာပါယေရှုခေါ်သည်၊ သာယာသော
ပဲ့တင် မစဲ မှောင်မိုက် ထဲမှ၊ အိမ်သို့ ညွှန်သော
တရားတော် သံပေတည်း။
[ Chorus ]
သစ္စာစောင့်ထိန်း၊ ရွှေကောင်းကင်သားများတို့
လေ၊ ချိုသာလှ၊ ကောင်းကင်သီချင်းဆိုဦးကြ၊
ညဥ့် ငိုကြွေးသံ၊ နံနက်ဝမ်းမြောက်ခြင်းဆုံးစေ
ရှည်လျား မှောင်ရိပ်၊ မေတ္တာတော်၌လင်းရာ။
[ Verse 3. ]
ဝေးသောရပ်မှ၊ ညဦးယံ ခေါင်းလောင်းသံလို၊
ယေရှုသံတော်၊ မြေပင်လယ်ပေါ် ကျော်ကျူး၊
ထောင်သောင်းမက ဝန်လေးလှသော သူတို့ကို၊
ရှင်သိုးထိန်း သွေးဆောင် ထံတော်ပို့တော်မူ။
[ Chorus ]
သစ္စာစောင့်ထိန်း၊ ရွှေကောင်းကင်သားများတို့
လေ၊ ချိုသာလှ၊ ကောင်းကင်သီချင်းဆိုဦးကြ၊
ညဥ့် ငိုကြွေးသံ၊ နံနက်ဝမ်းမြောက်ခြင်းဆုံးစေ
ရှည်လျား မှောင်ရိပ်၊ မေတ္တာတော်၌လင်းရာ။
[ Verse 4. ]
ဤပစ္စုပ္ပန်၌ ငြိးငွေ့ ရှည်လျားသော်လည်း၊ မှောင်
မိုက်လွန်သွား၊ ချမ်းသာနေ့ ပေါ်လာရ၊ မောပန်း
သူများ၊ ခရီးကုန်ဆုံးသောကာလ၊ ဝိညာဥ်စံရာ၊
ရွှေပြည်တော်သို့ ဝင်ခါ။
[ Chorus ]
သစ္စာစောင့်ထိန်း၊ ရွှေကောင်းကင်သားများတို့
လေ၊ ချိုသာလှ၊ ကောင်းကင်သီချင်းဆိုဦးကြ၊
ညဥ့် ငိုကြွေးသံ၊ နံနက်ဝမ်းမြောက်ခြင်းဆုံးစေ
ရှည်လျား မှောင်ရိပ်၊ မေတ္တာတော်၌လင်းရာ။
3