ယေရှု အကြောင်းပို၍ သိလို။
More about Jesus.
[ Verse 1. ]
ယေရှု-အကြောင်း ပို၍သိလို၊ယေရှု၏ကျေးဇူး
ကို မြွက်ဆို၊ ကယ်တင်ခြင်း၏ ပြင်စုံခြင်းနှင့်၊
မေတ္တာတော်မြတ်ကို ဖော်ပြသင့်။
[ Chorus ]
(ရှင်ယေရှု၏ ဂုဏ်တော်)၂-ခါ။
ငါ့-အတွက် အသက်စွန့်တော်မူသည်။
မေတ္တာတော်၊ ထူးမြတ်လှပေ၏။
[ Verse 2. ]
အလိုတော်ကို သာ၍နာခံ၊ ယေရှုအကြောင်း
တိုး၍ သိရန်၊ ခရစ်တော် ဆောင်ရွက်သောမှု
ရာများ၊ ဝိညာဥ်တော် ဖွင့်ပြတော်မူပါ။
[ Chorus ]
(ရှင်ယေရှု၏ ဂုဏ်တော်)၂-ခါ။
ငါ့-အတွက် အသက်စွန့်တော်မူသည်။
မေတ္တာတော်၊ ထူးမြတ်လှပေ၏။
[ Verse 3. ]
နှုတ်ကပတ်တော်ကို ဖတ်ရွတ်ဆို၊ ကိုယ်တော်
မြတ်နှင့် ဆက်ဆံရခြင်း၊ အသံတော်ကိုပင်၊ ကြား
နာရသည်၊ မိန့်ခွန်းတော်တိုင်း နားထောင်ပါမည်။
[ Chorus ]
(ရှင်ယေရှု၏ ဂုဏ်တော်)၂-ခါ။
ငါ့-အတွက် အသက်စွန့်တော်မူသည်။
မေတ္တာတော်၊ ထူးမြတ်လှပေ၏။
[ Verse 4. ]
ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူ၊ ပလ္လင်တော်ပေါ်
စံနေ-ယေရှု၊ ကြွလာတော်မူဦးမည် အမှန်၊
နိုင်ငံတော် တိုးပွားမည်-ဧကန်။
[ Chorus ]
(ရှင်ယေရှု၏ ဂုဏ်တော်)၂-ခါ။
ငါ့-အတွက် အသက်စွန့်တော်မူသည်။
မေတ္တာတော်၊ ထူးမြတ်လှပေ၏။
154
