လောက၏ အလင်း။
The light of the world.
[ Verse 1. ]
ဤ-လောကသည် အပြစ်မှောင်မိုက်၌ ကျင်လည်၊
လောက၏အလင်း ယေရှုတည်း။ နေ့ချိန်နေလင်း
ကဲ့သို့ဘုန်းတော်ထွန်းလင်းသည်၊ လောက၏ အလင်း
ယေရှုတည်း။
[ Chorus ]
ငါ့ထံသို့လာ၊ သင်ဖို့ ထွန်းတောက်နေ၊
ဖြည်းညှင်းစွာ ငါ့ပေါ်သို့ ထွန်းလင်းပေ၊
ကန်းသောမျက်စိ၊ ယခု မြင်နိုင်လေ၊
လောက၏ အလင်း ယေရှုတည်း။
[ Verse 2. ]
ယေရှုတွင် တည်နေသူ၌ မှောင်မိုက်မရှိ၊ လောက
၏အလင်း ယေရှုတည်း။ လမ်းပြနောက်တော်လိုက်
စဥ်၊ အလင်းတွင်လျှောက်သည်၊ လောက၏အလင်း
ယေရှုတည်း။
[ Chorus ]
ငါ့ထံသို့လာ၊ သင်ဖို့ ထွန်းတောက်နေ၊
ဖြည်းညှင်းစွာ ငါ့ပေါ်သို့ ထွန်းလင်းပေ၊
ကန်းသောမျက်စိ၊ ယခု မြင်နိုင်လေ၊
လောက၏ အလင်း ယေရှုတည်း။
[ Verse 3. ]
ပြစ်ဖြင့် မျက်စိကန်း၊ မှောင်မိုက်တွင် ကျင်လည်သူ၊
လောက၏အလင်း ယေရှုတည်း။ မိန့်တော်မူရာရပ်
တွင်၊ ဆေးကြောလျှင် မြင်မူ၊ လောက၏ အလင်း
ယေရှုတည်း။
[ Chorus ]
ငါ့ထံသို့လာ၊ သင်ဖို့ ထွန်းတောက်နေ၊
ဖြည်းညှင်းစွာ ငါ့ပေါ်သို့ ထွန်းလင်းပေ၊
ကန်းသောမျက်စိ၊ ယခု မြင်နိုင်လေ၊
လောက၏ အလင်း ယေရှုတည်း။
[ Verse 4. ]
ကောင်းကင်ဘုံတွင် နေအလင်း အလိုမရှိ၊ လောက၏
အလင်းယေရှုတည်း၊ ရွှေပြည်တော်မှာ၊ သိုးသူငယ်အ
လင်းဖြစ်၏။ လောက၏ အလင်း ယေရှုတည်း။
[ Chorus ]
ငါ့ထံသို့လာ၊ သင်ဖို့ ထွန်းတောက်နေ၊
ဖြည်းညှင်းစွာ ငါ့ပေါ်သို့ ထွန်းလင်းပေ၊
ကန်းသောမျက်စိ၊ ယခု မြင်နိုင်လေ၊
လောက၏ အလင်း ယေရှုတည်း။
74
