ယေရှုအံ့ဖွယ်မေတ္တာတော်။
Sweeter As the Years Go by.
[ Verse 1. ]
ယေရှု-အံ့ဖွယ်မေတ္တာတော်၊ ပြစ်သား ကျွန်ုပ်ကိုရှာ၊
ခြံသို့ ပို့ဆောင် ကျေးဇူးတော်၊ တုမဲ့-ကရုဏာကား၊
သမုဒ္ဒရာထက်နက်ပေ၊ ကောင်းကင်ဘုံထက်မြင့်လေ
ထိုမေတ္တာတော်မြတ်ကြောင်းကို ကျွန်ုပ်သီချင်းကျူးဆို။
[ Chorus ]
ယေရှု-အံ့ဖွယ် မေတ္တာတော်၊ တစ်နှစ်ထက် တစ်
နှစ်-တိုးသိ။ နက်နဲ၊ ကျယ်ဝန်းမြင့်သော၊ အံ့ဖွယ်
မေတ္တာတော်သည်၊ ကြာလေ၊ တိုးနားလည်ရ၏။
[ Verse 2. ]
ရှေးခါ-ယုဒပြည်တဝိုက်၊ ကိုယ်တော်သွားလာနေခိုက်၊
ကယ်ဆယ်-ကျေးဇူး သိလိုငှာ၊ နောက်တော် လူတို့
လိုက်ရှာ၊ ကြေကွဲနှလုံးချမ်းသာပေး၊ ကန်းသူများကို
မြင်စေ၊ မြင့်မြတ်လှ-မဟာမေတ္တာ၊ ကျွန်ုပ်ကိုပင်-လိုက်ရှာ။
[ Chorus ]
ယေရှု-အံ့ဖွယ် မေတ္တာတော်၊ တစ်နှစ်ထက် တစ်
နှစ်-တိုးသိ။ နက်နဲ၊ ကျယ်ဝန်းမြင့်သော၊ အံ့ဖွယ်
မေတ္တာတော်သည်၊ ကြာလေ၊ တိုးနားလည်ရ၏။
[ Verse 3. ]
ကားတိုင်-တော်၌ ဝေဒနာ၊ ကျွန်ုပ်တို့တွက် အရှုံး။
သည်းသံ၊ မပြုဘဲခံရှာ၊ ထို-မေတ္တာတော်မြတ်ကို၊
သန့်ရှင်း သူတို့နှင့်တကွ၊ အသံလွှင့်၍ ချီးမြှောက်၊
ကယ်တင်ရှင်အား၊ ချီးမွမ်းသံ၊ ကောင်းကင်၊မြေပြင်လုံးလျှံ။
[ Chorus ]
ယေရှု-အံ့ဖွယ် မေတ္တာတော်၊ တစ်နှစ်ထက် တစ်
နှစ်-တိုးသိ။ နက်နဲ၊ ကျယ်ဝန်းမြင့်သော၊ အံ့ဖွယ်
မေတ္တာတော်သည်၊ ကြာလေ၊ တိုးနားလည်ရ၏။
173