ဥပုသ်နေ့တွက် အားရခြင်း။
Safely Through Another Week.
[ Verse 1. ]
ကျေးဇူးရှင်၊ ပို့ဆောင်သောကြောင့်၊ ဘေးကင်း၍
ဥပုသ်ပြန်လာ၊ ဤနေ့မှာ ဆုတောင်းရအောင်၊
ဗိမာန်တော်၌ စည်းဝေးကြ၊
(နေ့အပေါင်းတို့တွင် ကောင်းဆုံး၊ ထာဝရငြိမ်
သက်ခြင်းပုံ)၂-ခါ။
[ Verse 2. ]
ရွေးနှုတ်ရှင် အမှီပြု၍ ၊ ပြစ်လွတ်ခြင်း ခြွင့်ရှာစဥ်
ခါ၊ မျက်နှာတော် ပြတော်မူလေ၊ ရှက်ကြောက်
ဖွယ်ရာများ ပယ်ရှား၊ (ဤနေ့၌ သောကကင်းစင်၊
ကိုယ်တော်မြတ် ငြိမ်သက်ခြင်းအရှင်)၂-ခါ။
[ Verse 3. ]
နာမတော် ချီးမွမ်းရအောင်၊ ဗိမာန်တော်၌စုသော
ခါ၊ ကိုယ်တော်သည် ဧကန်ရှိကြောင်း၊ ဘုန်းတော်
ဖြင့်၊ ထင်ရှားစေပါ၊ (ထာဝရ ကောင်းကျိုးချမ်း
သာ၊ သည်မှာ မြည်းစမ်းချင်၊ ဘုရား)၂-ခါ။
[ Verse 4. ]
ဝမ်းမြောက်ဖွယ်၊ သတင်းတရား၊ ဆိုးသူကောင်း
သူကြားသဖြင့်၊ ကျေးဇူးတော်အမျိုးမျိုးပွား၊ ဆင်း
ရဲဒုက္ခများပယ်ရှင်း၊ (ထိုသို့ ဥပုသ်စောင့်ကြကုန်၊
ကောင်းကင်ဘုံရောက်မှ လမ်းဆုံး)၂-ခါ။
64
