အကောင်းဆုံး မိတ်ဆွေ။
Jesus Is All the World To Me.
[ Verse 1. ]
ယေရှုသည် ကောင်းဆုံး၊ မိတ်ဆွေတည်း။ ရွှင်လန်း
သက်ရှင်စေသည်။ နေ့စဥ်ခွန်အား၊ ထံတော်မှရ၊
ကိုယ်တော်ပါမှ ပြီးရာ။ ဝမ်းနည်းသောခါ၊ ထံတော်
ချဥ်းကပ်။ အခြားမိတ်ဆွေ၊ မကယ်နိုင်ပါ။ကိုယ်တော်
ရှင်သာ၊ ဝမ်းမြောက်စေသည်။ မိတ်ဆွေတည်း။
[ Verse 2. ]
ယေရှုသည် ကောင်းဆုံး၊ မိတ်ဆွေတည်း။ ဒုက္ခရောက်
စဥ် မသည်။ ကောင်းချီးခံရန်၊ ထံတော် ချဥ်းကပ်၊
ထပ်မံ၍ ပေးဦးမည်၊ နေအလင်းနှင့် မိုဃ်းရေကိုပေး၊
စပါးသီးနှံ ကြွယ်ဝစွာ ကျွေး၊ နေလင်း၊ မိုးရေ၊ စပါး
ပေးသည် ၊ မိတ်ဆွေတည်း။
[ Verse 3. ]
ယေရှုသည် ကောင်းဆုံး ၊ မိတ်ဆွေတည်း။ ကျွန်ုပ်အမှန်
ချစ်မည်။ ဤမျှချစ်သော မိတ်ဆွေစစ်ကို ၊ ဘယ်ခါမျှ
မပယ်လို။ လမ်းမှန်လျှောက်ရန် ကိုယ်တော်နောက်
လိုက်၊ နေ့ည မပြတ် စောင့်ရှောက်စဥ်ခိုက်။ နောက်
တော်သို့လိုက်၊ အစဥ်တစိုက်၊ မိတ်ဆွေတည်း။
[ Verse 4. ]
ယေရှုသည် ကောင်းဆုံး၊ မိတ်ဆွေတည်း၊ ခြားမိတ်ဆွေ
မလိုပြီ။ ကိုယ်တော်ကိုသာ၊ ယုံကြည်အားကိုး၊ အသက်
ဆုံးသည်တိုင်အောင်။ ကောင်းဆုံး မိတ်ဆွေနှင့် စိတ်
ပျော်နေ၊ ထိုအသက်တာ မဆုံးနိုင်လေ၊ ထာဝရသက်
ဝမ်းမြောက်စဥ်ဆက်၊ မိတ်ဆွေတည်း။
30
