သက်ရှင်မည်၊ ထာဝရ။
Tune. There is Life for a look.
[ Verse 1. ]
ကယ်တင်ရှင် သခင်ကို ကိုးကွယ်၍ ယုံကြည်လျှင်၊ သက်ရှင်
မည်၊ ထာဝရချိန်ကာလ။ ကယ်တင်ပိုင် တော်မူကြောင်း၊
ကောင်းစွာသိ ယုံမိလျှင်၊ ကောင်းကင်ယံ-စံရမည်ကိုစိတ်ချ။
[ Chorus ]
စိတ်ချ ၊ စိတ်ချလေ။ ကယ်တင်ရှင်သခင်ကို
ကိုးကွယ်၍-ယုံကြည်လျှင်၊ သက်ရှင်မည်၊
ထာဝရ-ချိန်ကာလ။
[ Verse 2. ]
ယုံသူသည် ခမည်းတော်၊ သွေးဆောင်၍သာ ပြေးလာ၊ သိုး
ထိန်းရှင်၊ ခေါ်တော်သံကိုကြားနာ။ နောက်တော်သို့လျှောက်
လိုက်၍ ကိုယ်တော်နှင့်တူတကွ၊ ရှိနေ၍ ပျောက်မပျက်သက်ရှင်ရ။
[ Chorus ]
စိတ်ချ ၊ စိတ်ချလေ။ ကယ်တင်ရှင်သခင်ကို
ကိုးကွယ်၍-ယုံကြည်လျှင်၊ သက်ရှင်မည်၊
ထာဝရ-ချိန်ကာလ။
[ Verse 3. ]
ချောင်းမြောင်းလျက်ရှိနေသော၊ နတ်ဆိုး၏သွေးဆောင်ခြင်း၊
လိုက်ပါ၍ခါတရံ လဲပြန်ရာ၊ သိုးထိန်းရှင် သင့်ရှိသည်၊ပိုက်
ပွေ့၍ ထူလိမ့်မည်၊ သိုးတော်စစ်ဖြစ်လျှင် ထူမည်-မုချ။
[ Chorus ]
စိတ်ချ ၊ စိတ်ချလေ။ ကယ်တင်ရှင်သခင်ကို
ကိုးကွယ်၍-ယုံကြည်လျှင်၊ သက်ရှင်မည်၊
ထာဝရ-ချိန်ကာလ။
[ Verse 4. ]
ယံကြည်သူပြင်လူသည် ဖောက်ပြန်ခြင်း ရောက်သော်လည်း၊
တွင်းလူကား၊ နေ့တခြား ပြုပြင်ခြင်းခံရမည်၊ တမန်တော်
ဟောပြောရင်း ရှိခဲ့သည် စိတ်မပျက်ပဲသာ၍ တိုးတက်သင့်။
[ Chorus ]
စိတ်ချ ၊ စိတ်ချလေ။ ကယ်တင်ရှင်သခင်ကို
ကိုးကွယ်၍-ယုံကြည်လျှင်၊ သက်ရှင်မည်၊
ထာဝရ-ချိန်ကာလ။
[ Verse 5. ]
စေလွတ်တော်မူသောသူကို ယုံကြည်သောသူသည်၊ ထာဝရ
သက်ကိုရသည်ဖြစ်၍ ၊ အပြစ်ဒဏ် စီရင်ခြင်းမခံရ၊ လွတ်
ကင်းမည်၊ သက်ရှင်ခြင်းသို့ ကူးမြောက်ရောက်လျက်နေ။
[ Chorus ]
စိတ်ချ ၊ စိတ်ချလေ။ ကယ်တင်ရှင်သခင်ကို
ကိုးကွယ်၍-ယုံကြည်လျှင်၊ သက်ရှင်မည်၊
ထာဝရ-ချိန်ကာလ။
191
