အပြစ်သွေးဆောင်ရာသို့ မလိုက်နှင့်။
Yield not to temptation.
[ Verse 1. ]
အပြစ်သွေးဆောင်ရာသို့မလိုက်ပါနှင့်၊ တစ်ခါလျှင်
သင်-အောင်မြင်၊ နောက်တစ်ခါ အောင်မည်။
ရဲရင့်စွာ တိုးတက်လေ၊ ဒေါသကို ချုပ်တည်း၊
ယေရှုကို မျှော်ကြည့်လေ၊ သင့်ကို လမ်းပြမည်။
[ Chorus ]
အားပေး မစတော်မှုရန်၊ ကယ်ချွတ်ရှင်ကို
ဆုတောင်းလေ၊ သင့်ကိုလမ်းပြဆောင်ယူရန်၊
အသင့်၊ စောင့်လျှက်နေပေ။
[ Verse 2. ]
မကောင်း-မိတ်ဆွေရှောင်လေ၊ စကား-ယုတ်ရွံရှာ၊
ကိုယ်တော်နာမရိုသေ၊ ချည်းနီးမသုံးရာ။ စိတ်အား
ကြီးသတိရှိ၊ ကြင်နာခြင်း ရှိလေ၊ ယေရှုကို - မျှော်
ကြည့်လေ၊ သင့်ကို လမ်းပြမည်။
[ Chorus ]
အားပေး မစတော်မှုရန်၊ ကယ်ချွတ်ရှင်ကို
ဆုတောင်းလေ၊ သင့်ကိုလမ်းပြဆောင်ယူရန်၊
အသင့်၊ စောင့်လျှက်နေပေ။
[ Verse 3. ]
အောင်မြင်လေ-သောသူအား၊ သရဖူ-ပေးမည်၊ ယုံ
ကြည်ခြင်းအားဖြင့်သာ၊ ရှုုံးသော်လည်းအောင်မည်။
ကယ်ချွတ်ပိုင် အရှင်ပေ၊ အားတိုးတက်စေမည်၊
ယေရှုကို မျှော်ကြည့်လေ၊ သင့်ကို လမ်းပြမည်။
[ Chorus ]
အားပေး မစတော်မှုရန်၊ ကယ်ချွတ်ရှင်ကို
ဆုတောင်းလေ၊ သင့်ကိုလမ်းပြဆောင်ယူရန်၊
အသင့်၊ စောင့်လျှက်နေပေ။
[ Verse 4. ]
အားနည်းသူများစောင့်မ၊ ခွန်အားပေးမူပြီ။ ယုံကြည်
ခြင်းသာစောင့်မ၊ အောင်လံထူစေမည်။ နောက်
ဘေးမကြည့်ရှေ့တိုး၊ ကယ်ချွတ်ရှင်ကိုကြည့်၊ အောင်
မြင်သော သက်တာသို့၊ လမ်းပြပို့ဆောင်မ-မည်။
[ Chorus ]
အားပေး မစတော်မှုရန်၊ ကယ်ချွတ်ရှင်ကို
ဆုတောင်းလေ၊ သင့်ကိုလမ်းပြဆောင်ယူရန်၊
အသင့်၊ စောင့်လျှက်နေပေ။
96
