ထက်ရပ်မှာ။
The Home Over There.
[ Verse 1. ]
ငါတို့-နေအိမ်၊ အောက်မေ့ကြပါ၊ ထွန်းတောက်
သာယာသော မြစ်တစ်ဘက်မှာ၊ သန့်ရှင်းသူများ
စိုးစံကြလေပြီ။ ဖြူဝတ်လုံ၊ ဝတ်ဆင်လျက်နေ၏။
[ Chorus ]
(ထက်ရပ်မှာ)၂-ခါ။ ငါတို့-နေရာအိမ်၊
(ထက်ရပ်မှာ)၄-ခါ။
ငါတို့-နေရာအိမ်၊ ထက်ရပ်မှာ။
[ Verse 2. ]
သွားနှင့်သော မိတ်ဆွေအောက်မေ့ပါ၊ ငါတို့ရှေ့
ခရီးပြုပြီးတကား။ သွားလျက်နှင့် ကျူးသောသီ
ချင်းသံများ၊ ကောင်းကင်တံခါးတိုင်အောင်နှံ့ပြား။
[ Chorus ]
(ထက်ရပ်မှာ)၂-ခါ။ ငါတို့-နေရာအိမ်၊
(ထက်ရပ်မှာ)၄-ခါ။
ငါတို့-နေရာအိမ်၊ ထက်ရပ်မှာ။
[ Verse 3. ]
ကြည့်ပါ၊ မိတ်ဆွေများ၊ ထက်ရပ်မှာ၊ ကောင်းကင်
ဘုံ၊ ရောက်ဝင်ကြပြီးတကား။ သူတို့၌ ပူပန်ခြင်း
ကွယ်ပျောက်ကင်း၊ ငြိမ်စွာနေမည်-ကာလအစဥ်။
[ Chorus ]
(ထက်ရပ်မှာ)၂-ခါ။ ငါတို့-နေရာအိမ်၊
(ထက်ရပ်မှာ)၄-ခါ။
ငါတို့-နေရာအိမ်၊ ထက်ရပ်မှာ။
[ Verse 4. ]
ခု-ကယ်တင်ပိုင်ရှင်၊ ထက်ရပ်မှာ၊ ထိုမှာ မိတ်ဆွေ
များ-စံစားနေကြ။ ထိုရပ်တွင် ဒုက္ခရှင်းရှင်းကင်း
စင်၊ ငါ့-ဝိညာဥ်၊ ရောက်ချင်လှ အလျှင်။
[ Chorus ]
(ထက်ရပ်မှာ)၂-ခါ။ ငါတို့-နေရာအိမ်၊
(ထက်ရပ်မှာ)၄-ခါ။
ငါတို့-နေရာအိမ်၊ ထက်ရပ်မှာ။
166
