ကောင်းသော မျိုးစေ့ကြဲပါ။
Sowing the Precious Seed.
[ Verse 1. ]
ကောင်းသော မျိုးစေ့ကြဲပါ။ နံနက်အာရုံတက်ချိန်မှစ၊
မြတ်သော မျိုးစေ့ကြဲပါ။ နေ့ခင်းရှိ ချိန်ပင်။ မြင့်မြတ်
သော မျိုးကြဲပါ။ငယ်ရွယ်စိတ်ထား၊ ဖြူစင်စေမည်၊
ကောင်းသော မျိုးစေ့ကြဲပါ။ စိတ်ထား ဖြူစင်မည်။
[ Chorus ]
(ကောင်းသော မျိုးစေ့ကြဲပါ_၂-ခါ။
အနီးအဝေးကြဲပါ၊ နူးညံ့မေတ္တာတော်
ဖြင့်၊ ချိုးဖဲ့-ခံသော သက်မုန့်၊ ဝမ်း
မြောက်ဘွယ်၊ သတင်းအား ကြားပြော၊
ကောင်းသော မျိုးစေ့-ကြဲပါ။
ချစ်ခြင်း မေတ္တာဖြင့်။
[ Verse 2. ]
ကောင်းသော မျိုးစေ့ကြဲပါ။ ညနေခင်း၊ အချိန်ရှိလျှက်
ပင်၊ မြတ်သော မျိုးစေ့ကြဲပါ။ ညမှောင်စရှိလည်း၊
ချစ်ခြင်းဖြင့်၊ မျိုးစေ့ကြဲပါ။ ညည်းတွား စိတ်ပျက်ခြင်း
မရှိသင့်၊ ရှိသမျှအစွမ်းကို ကိုယ်တော်၌ အပ်ထား။
[ Chorus ]
(ကောင်းသော မျိုးစေ့ကြဲပါ_၂-ခါ။
အနီးအဝေးကြဲပါ၊ နူးညံ့မေတ္တာတော်
ဖြင့်၊ ချိုးဖဲ့-ခံသော သက်မုန့်၊ ဝမ်း
မြောက်ဘွယ်၊ သတင်းအား ကြားပြော၊
ကောင်းသော မျိုးစေ့-ကြဲပါ။
ချစ်ခြင်း မေတ္တာဖြင့်။
[ Verse 3. ]
ကောင်းသော မျိုးစေ့ကြဲပါ။ နိုးကြားဝမ်းမြောက်သော
စွမ်းအားဖြင့်၊ မြတ်သော မျိုးစေ့ကြဲပါ၊ ကျောက်မျက်
မျိုးစေ့များ၊ မြင့်မြတ်မျိုးစေ့ကြဲပါ။ စိတ်ပျော့၊ လက်
ညောင်းခြင်းကင်းစေကြ။ အလင်းနှင့် မိုးရေခွန်အား
သွန်းလောင်းမူမည်။
[ Chorus ]
(ကောင်းသော မျိုးစေ့ကြဲပါ_၂-ခါ။
အနီးအဝေးကြဲပါ၊ နူးညံ့မေတ္တာတော်
ဖြင့်၊ ချိုးဖဲ့-ခံသော သက်မုန့်၊ ဝမ်း
မြောက်ဘွယ်၊ သတင်းအား ကြားပြော၊
ကောင်းသော မျိုးစေ့-ကြဲပါ။
ချစ်ခြင်း မေတ္တာဖြင့်။
162
